mMz

သူရဿဝါ

မိုးရာသီဆက်တင်ကဗျာရွတ်ပွဲနှင့် ကဗျာပြိုင်ပွဲ ဆုပေးပွဲအောင်မြင်စွာကျင်းပ

မြက်ခင်းသစ်လွင်ပြင်နှင့် MOWA တို့ ပူးပေါင်းကျင်းပသည့် မိုးရာသီဆက်တင် ကဗျာရွတ်ပွဲကို ၂၈. ၆. ၂၀၀၉ (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခန့်တွင် စိမ်းလန်းစိုပြေဥယျာဉ် အတွင်းရှိ Zephyr ကော်ဖီဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


ကဗျာရွတ်ပွဲ မစတင်မီ မိုးရာသီဆက်တင် ကဗျာပြိုင်ပွဲမှ `ပရိတ်သတ်အကြိုက်ကဗျာဆု´ နှင့် `အက်ဒမင်အဖွဲ့အကြိုက်ကဗျာဆု´ များကို ကြေငြာပေးခဲ့ပြီး `ပရိတ်သတ်အကြိုက်ကဗျာဆု´ ပထမဆုကို `မုန်းမိတဲ့မိုး´ ကဗျာဖြင့် `နှိုင်း´ ကလည်းကောင်း၊၊ ဒုတိယဆုကို `မိုးတွေရွာနေတုန်း´ ကဗျာဖြင့် `ကိုဂစ်တာ´ ကလည်းကောင်း ရရှိသွားကြသည်။ `အက်ဒမင်အကြိုက်ကဗျာဆု´ ပထမဆုကို `မိုးထားတဲ့အိပ်မက်တွေဆိုသလိုဘဲ´ ကဗျာဖြင့် `လင်းရမ္မာ´ ကလည်းကောင်း၊ ဒုတိယဆုကို `သက်တန့်ရောင်နှုတ်ခမ်းရစ်နဲ့အလွမ်းစိုမိုးနေ့´ ကဗျာဖြင့် `မောင်မိုးချို´ ကလည်းကောင်း ရရှိသွားကြသည်။


ထို့နောက် မိုးရာသီဆက်တင်ကဗျာရွတ်ပွဲကို သူရဿဝါမှ မိုးရာသီဆက်တင်ကဗျာရွတ်ပွဲမှ ဆုရကဗျာများကို ရွတ်ဆို၍ စတင်ခဲ့ပြီး ကဗျာများရွတ်ဆိုခဲ့ကြရာ . . .


၁။ ကိုမိုးလှိုင်ညက `သစ်တော်သီးထဲကခေါင်းလောင်းသံ´ ကိုလည်းကောင်း၊

၂။ ကိုမင်းယွန်းသစ်က `အစ္ဇျတညနေ´ ကိုလည်းကောင်း၊

၃။ ဝေဖြိုးမင်းက`အရုပ်ကြိုးပြတ်နေ့ရက်များ´ ကိုလည်းကောင်း၊

၎။ လင်းရမ္မာက `စတူဒီယို၏အနီးတ၀ိုက်တွင်´ ကိုလည်းကောင်း

၅။ အဆိပ်က `မျက်ရည်တွေသွန်ချတော့မယ့်ကောင်းကင်´ ကိုလည်းကောင်း၊

၆။ သူရဿဝါက `မိုးရာသီဆက်တင်´ နှင့် `မိုးထဲရေထဲ မီးလောင်ပြင်´ ကဗျာနှစ်ပုဒ်ကိုလည်းကောင်း၊

၇။ ကိုဗညားရှိန်က `ချည်တိုင်လွမ်းတေး´ ကိုလည်းကောင်း၊

၈။ ကိုဇော်မျိုးသက်က `မိုးတစ်ညအိပ်မက်´ ကိုလည်းကောင်း၊

အသီးသီးရွတ်ဆိုခဲ့ကြပါသည်။


ထို့ပြင် ရုပ်သေး၊ သိုးမဲ၊ ဗလာတို့မှ `မုတ်သုန်မြို့ရဲ့ သတို့သမီး´ အမည်ရှိ Performance ဆန်ဆန် ကဗျာတစ်ပုဒ်ကို ချိတ်ဆွဲပြသခဲ့ပါသည်



ထို့နောက် မိုးရာသီဆက်တင်ကဗျာပြိုင်ပွဲမှဆုရရှိသူများဖြစ်သော နှိုင်း၊ ကိုဂစ်တာ၊ လင်းရမ္မာနှင့် မောင်မိုးချို (ကိုယ်စား) တို့အား အမှတ်တရဆုများပေးအပ်ခဲ့သည်။



ဆုချီးမြှင့်ပြီးနောက် ကဗျာရွတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။ ယခု မိုးရာသီဆက်တင် ကဗျာရွတ်ပွဲမှ ရွတ်ဆိုခဲ့သောကဗျာများ၊ ဆုရကဗျာရှင်တို့၏ကဗျာများနှင့် ဆုရကဗျာရှင်အင်တာဗျူးတို့အား EBook ထုတ်ဝေသွားရန် အစီအစဉ်ရှိပြီး ယခုကဲ့သို့ ကဗျာပြိုင်ပွဲနှင့် ကဗျာရွတ်ပွဲများကိုလည်း နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။



အခမ်းအနားဓါတ်ပုံများကို အောက်တွင်ဖော်ပြပေးထားပြီး ကဗျာရွတ်ပွဲအသံဖိုင်များကို နောက်ရက်များတွင် တင်ပေးထားမည်ဖြစ်ပါသည်။


မြက်ခင်းသစ်လွင်ပြင် Creator ကိုဗညားရှိန်


ပရိသတ်အကြိုက်ကဗျာဆု ဒုတိယဆုရ ကိုဂစ်တာ ကဗျာရွတ်နေစဉ်


ပရိသတ်အကြိုက်ကဗျာဆု ပထမဆုရ နှိုင်း


ကိုမင်းယွန်းသစ် နှင့် ကိုမိုးလှိုင်ည (၀ဲ မှ ယာ)


နာမည်ကြီးကဗျာဆရာ ဇာတိ


အက်ဒမင်အဖွဲ့အကြိုက်ကဗျာဆု ပထမဆုရ ဆရာလင်းရမ္မာ

ဆရာရုပ်သေး၊ ဆရာသိုးမဲ ၊ ဆရာဗလာဆုံမှတ်တို့၏ `မုတ်သုန်မြို့ရဲ့သတို့သမီး´ ကဗျာချိတ်ဆွဲပြသစဉ်

ကိုဝေဖြိုးမင်း ကဗျာရွတ်နေစဉ်

ကိုမင်းယွန်းသစ် ကဗျာရွတ်နေစဉ်

ကိုမိုးလှိုင်ည ကဗျာရွတ်နေစဉ်

ToiletWall Creator ကိုရွှေဖုန်းလူ ၊ Mysuboo မှ ကဗျာဆရာမ `ငယ်´ နှင့် Mysuboo Fanclub ဥက္ကဌ ကိုလူလိန် (၀ဲ မှ ယာ)

တက်ရောက်လာသော ပရိသတ်များ

တက်ရောက်လာသောပရိသတ်များ

အခမ်းအနားမှူး သူရဿဝါနှင့် ရွှေပွဲလာပရိသတ် :P

အခမ်းအနားမှူး ၊ ကဗျာဆရာ ကိုသူရဿဝါ

Tags: ဓါတ်ပုံ, သတင်း,

Share 

Add a Comment

You need to be a member of mMz to add comments!

Join this social network

2 Comments

နွယ်ပန်းခိုင် Comment by နွယ်ပန်းခိုင် on July 12, 2009 at 11:08pm
အခန်းအနားကိုေ၇ာက်ခဲ့ပါတယ်။
ဘကြိုင် Comment by ဘကြိုင် on July 2, 2009 at 11:32am
အခန်းအနားကိုအားပေးသွားပါတယ်ခင်ဗျား
း)

About

MMZ MMZ created this social network on Ning.

Create your own social network!

Birthdays

Birthdays Today

Birthdays Tomorrow

.





top












© 2009   Created by MMZ on Ning.   Create Your Own Social Network

.  |  Report an Issue  |  .  |  Terms of Service

Sign in to chat!