mMz

သူရဿဝါ

ခေတ်ပေါ်ကဗျာအကြောင်း တစေ့တစောင်း (၃)ဆောင်းပါး ၊ ကဗျာရေးရာ

ဒီတခါဆက်ပြီးရေးပြချင်တာကတော့ နဲနဲအရေးကြီးပါတယ်။ ဘာလဲဆိုတော့ ကဗျာတစ်ပုဒ်ရဲ့ အသက်လို့ပြောလို့ရတဲ့

စကားလုံးရွေးချယ်ပုံ


တင်ပြပုံ (Presentation)


နိမိတ်ပုံခိုင်းနှိုင်းမှု


အဲဒါတွေကို အဓိကထားပြီးပြောချင်ပါတယ်။ အွန်လိုင်းပေါ်က ကဗျာတွေကိုလိုက်ဖတ်ကြည့်လိုက်တဲ့အခါမှာ ခုနကပြောတဲ့ အချက်သုံးချက်စလုံး အားနည်းနေသေးတာကို တွေ့နေရပါတယ်။ ကဗျာတွေအားလုံးကတော့ ခေတ်ပေါ်ကဗျာရဲ့ အ၀င်မုခ်ဦးလို့ပြောလို့ရတဲ့ ကာရန်မဲ့ကဗျာအမျိုးအစားထဲကို ရောက်နေကြပြီဖြစ်ပါတယ်။ ပထမဆုံးအချက်ဖြစ်တဲ့ စကားလုံးရွေးချယ်ပုံ ကိုစပြီးပြောပါ့မယ်။ အဲဒီထဲမှာပဲ တတိယအချက်ဖြစ်တဲ့ နိမိတ်ပုံခိုင်းနှိုင်းမှု ကလည်းပါဝင်လာမှာပါပဲ။ ဘာလို့လည်းဆိုတော့ အဲဒီနှစ်ခုက ဆက်စပ်နေလို့ပဲဖြစ်ပါတယ်။

ကဗျာတစ်ပုဒ်မှာ စကားလုံးရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ ကိုယ်သုံးလိုက်တဲ့ စကားလုံးကောင်းရင် ကောင်းသလို ကဗျာရဲ့ ဆွဲဆောင်မှုက ပိုပြီးကောင်းလာနိုင်လို့ပါပဲ။

ဥပမာ - ရင်ထဲမှာအရမ်းခံစားနေရပေမယ့် မျက်နှာကတော့ ပျော်ရွှင်သလို ဟန်လုပ်ထားတယ် ဆိုတဲ့စာသားမျိုးကို အဲဒီအတိုင်း တိုက်ရိုက်ကြီးရေးချမယ့်အစား အဲဒီအဓိပ္ပါယ်မျိုးလည်းသက်ရောက်အောင် စာဖတ်သူကိုလည်းဆွဲခေါ်သွားနိုင်အောင် ကျနော်စကားလုံး ရွေးချယ်မှုလေးလုပ်ပြပါ့မယ်။

မျက်နှာကတော့ နေသာချင်ယောင်ဆောင်
ရင်ဘတ်ထဲမှာ တိမ်တခြမ်းငိုနေတယ် ။


အဲဒီလို ရေးချကြည့်လိုက်ရင် စကားလုံးရဲ့ Attraction ပိုကောင်းသွားသလို ဖတ်သူကိုလည်း အတွေးတစ်ခုတော့ ပေးလိုက်နိုင်မှာပါပဲ။ အဲဒါကစကားလုံး ကစားနည်းတစ်မျိုးဖြစ်သလို အဲဒါကပဲ နိမိတ်ပုံသုံးနှုန်းမှုတစ်ခု ဖြစ်နေပြန်ပါတယ်။ အဲဒီလို Skill မျိုးရှိဖို့ကတော့ စကားလုံးကြွယ်ဝဖို့လိုသလို Talent ရှိဖို့လည်း အရေးကြီးပါတယ်။

နောက်နေ့ ဆက်ပြီးရေးပြပါဦးမယ်။ တခါတည်းနဲ့ အများကြီး ရေးပြချင်ပေမယ့် အလုပ်ကလည်း ဘယ်လိုမှမအားလို့ နည်းနည်းချင်းပဲ ရေးနေရပါတယ်။ နောက်နေ့တွေကျရင်လည်း အရေးကြီးတဲ့ အပိုင်းတွေကို ဆက်ပြီးရေးပါဦးမယ်။

ဝန်ခံချက် >>> ဤစာစုသည် ယခုမှကဗျာစရေးသူများ၊ ခေတ်ပေါ်ကဗျာ (Modern) ကိုစိတ်ဝင်စားသူများအတွက် ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော်သိသလောက်ကိုသာ ပြန်လည်မျှဝေပေးခြင်းဖြစ်ပြီး အတတ်နိုင်ဆုံး ပညာရပ်ဆိုင်ရာစကားလုံးသုံးစွဲမှုကို ရှောင်ပါသည်။ သို့ဖြစ်ပါ၍ တစုံတရာ မှားယွင်းမှုရှိပါက ကျနော့်တာဝန်သာဖြစ်ပါကြောင်း ၀န်ခံအပ်ပါသည်။

Tags: ကဗျာရေးရာ, ဆောင်းပါး,

Share 

Add a Comment

You need to be a member of mMz to add comments!

Join this social network

About

MMZ MMZ created this social network on Ning.

Create your own social network!

Birthdays

Birthdays Tomorrow

.





top












© 2009   Created by MMZ on Ning.   Create Your Own Social Network

.  |  Report an Issue  |  .  |  Terms of Service

Sign in to chat!