mMz

သူရဿဝါ

ခေတ်ပေါ်ကဗျာအကြောင်း တစေ့တစောင်း (၁)

ကျနော်က အမြဲတမ်း ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာလေးတွေရေးနေတတ်လို့ ကြာရင် သူရဿဝါက ပေါတောတောကြီးလို့ ထင်သွားကြမှာစိုးလို့ ဒီတစ်ခါတော့ အတည်အခန့်လေးတစ်ခုလောက်ရေးပြချင်ပါတယ်။ ဘာအကြောင်းရေးရင်ကောင်းမလဲလို့ တွေးကြည့်တော့ ကဗျာတွေအကြောင်းရေးပြချင်လာပါတယ်။ ကဲ..... စလိုက်ရအောင်။

ဘာမှစပြီးမရေးခင်မှာ ကြိုပြီးတောင်းပန်ချင်တာကတော့ ကျနော်ဒီစာစုကိုရေးပြတာက အရမ်းတတ်နေလို့ မဟုတ်ပါဘူး။သိထားလောက်လေးကိုပဲ ပြန်ပြီးမျှဝေတယ်လို့ သဘောထားပေးကြပါလို့

အွန်လိုင်းမှာစာရေးနေကြတဲ့ သူငယ်ချင်းအားလုံးလိုလိုဟာ ကဗျာရေးကြတဲ့သူတွေများပါတယ်။ အဲဒီကဗျာတွေကို လိုက်ဖတ်ကြည့်လိုက်တော့ (ပွင့်ပွင့်လင်းလင်းပြောရရင် ) ကဗျာအများစုကို သိပ်ပြီးအားမရပါဘူး။ အကြောင်းအရာ လေးတွေကောင်းကြရဲ့သားနဲ့ တင်ပြပုံ (Presentation ) လေးတွေ အားနည်းနေကြတာကို တွေ့ရပါတယ်။ အဲဒါကြောင့်လည်း ဒီစာစုကိုရေးဖြစ်တာပါပဲ။

ခေတ်ပေါ်ကဗျာမှာ အားသာချက်တွေအများကြီးရှိပါတယ်။ ကာရန်တို့ နဘေတို့ ဆိုတဲ့ အချုပ်အနှောင်ဘာမှမရှိပါဘူး။ ပြီးတော့ ခေတ်ပေါ်ကဗျာကို ကြိုက်တဲ့ပုံစံနဲ့ ကိုယ်ရေးသားလို့ရပါတယ်။ ဥပမာ- ခက်ဆစ်ဖွင့်သလိုပုံစံမျိုးနဲ့ ညီမျှခြင်းချပြီးရေးတဲ့ပုံစံမျိုးပါ ။ ဒါက သဘောတရားလောက်ပဲပြောပြတာပါ။ ဒီအချက်အလက်လောက်ကိုလည်း အားလုံးလိုလို သိပြီးသားဖြစ်ကြမှာပါ ။

အဲဒီတော့ ခေတ်ပေါ်ကဗျာကို ချဉ်းကပ်နည်းလေးတွေဆက်ပြောပြပါ့မယ်။

(အချိန်မရတော့လို့ နောက်တစ်ပိုင်းခွဲပြီးရေးပါ့မယ်။ အားပေးကြပါဦး ။ )


ဝန်ခံချက် >>> ဤစာစုသည် ယခုမှကဗျာစရေးသူများ၊ ခေတ်ပေါ်ကဗျာ (Modern) ကိုစိတ်ဝင်စားသူများအတွက် ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော်သိသလောက်ကိုသာ ပြန်လည်မျှဝေပေးခြင်းဖြစ်ပြီး အတတ်နိုင်ဆုံး ပညာရပ်ဆိုင်ရာစကားလုံးသုံးစွဲမှုကို ရှောင်ပါသည်။ သို့ဖြစ်ပါ၍ တစုံတရာ မှားယွင်းမှုရှိပါက ကျနော့်တာဝန်သာဖြစ်ပါကြောင်း ၀န်ခံအပ်ပါသည်။


Tags: ကဗျာရေးရာ, ဆောင်းပါး,

Share 

Add a Comment

You need to be a member of mMz to add comments!

Join this social network

About

MMZ MMZ created this social network on Ning.

Create your own social network!

.





top












© 2009   Created by MMZ on Ning.   Create Your Own Social Network

.  |  Report an Issue  |  .  |  Terms of Service

Sign in to chat!