mMz

သူရဿဝါ

`မိုးရာသီဆက်တင်ကဗျာပြိုင်ပွဲ´ နှင့်ပတ်သက်၍ . . .

မိုးရာသီဆက်တင် ကဗျာပြိုင်ပွဲအတွက်အတွက် ဆုနှစ်ဆုသတ်မှတ်ထားတဲ့နေရာမှာ ပရိသတ်အကြိုက်ဆုံးဆုကိုတော့ ၂၇. ၆. ၂၀၀၉ (စနေနေ့) ည ဆယ်နာရီအချိန်မှာ ထုတ်ပြန်ကြေငြာပေးသွားမှာဖြစ်ပြီး `အက်ဒမင်အဖွဲ့ အကြိုက်ဆုံးကဗျာဆု´ ကိုတော့ ကဗျာရွတ်ပွဲကျင်းပတဲ့အချိန်မှ တစ်ခါတည်းထုတ်ပြန်ကြေငြာပြီး ဆုပေးအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ကဗျာပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ထားသူတွေအနေနဲ့ ကဗျာရွတ်ပွဲနေ့မှာ သတ်မှတ်နေရာကို ကြွရောက်ပေးဖို့ ထပ်မံအသိပေးအပ်ပါတယ်ခင်ဗျာ။



မြက်ခင်းသစ် နှင့် မြန်မာအွန်လိုင်း စာရေးသူများ အသင်းမှ ပူးပေါင်း စီစဉ်သည့် `မိုးရာသီ ဆက်တင် ကဗျာရွတ်ပွဲ´ကို ရန်ကုန်မြို့ စိမ်းလန်းစိုပြေ ဥယျာဉ်အတွင်းတွင် ၂၈. ၆. ၂၀၀၉ (တနင်္ဂနွေနေ့) နံနက် ၉နာရီ မှ ၁၂နာရီ အထိကျင်းပ သွားမည်ဖြစ်ပါသည် ။


ကဗျာရွတ်ပွဲနှင့်အတူ `မိုးရာသီဆက်တင်´ ကဗျာပြိုင်ပွဲကိုပါ ကျင်းပပေးမည် ဖြစ်ပြီး မိုးရာသီ နှင့် ပတ်သက်သော မည်သည့် ကဗျာ အမျိုးအစားနှင့် မဆို ၀င်ရောက် ယှဉ်ပြိုင်နိုင်ပါသည် ။



ပြိုင်ပွဲတွင် `မြက်ခင်းသစ် အက်ဒမင်အဖွဲ့ အကြိုက်ဆုံးဆု´ နှင့် စာဖတ် ပရိသတ်အကြိုက်ဆုံး ဆု´ ဟူ၍ ဆု နှစ်ဆု ပေးမည်ဖြစ်ပြီး စာဖတ် သူများအနေနှင့် ပြိုင်ပွဲဝင် ကဗျာများကို မဲပေး ရွေးချယ်နိုင်ရန် စီစဉ် ပေးထားမည် ဖြစ်ပါသည်။



ယှဉ်ပြိုင်သူများ အနေနှင့် ၂၆ရက်နေ့ နံနက် ၉နာရီ နောက်ဆုံးထား၍ ပြိုင်ပွဲဝင် ကဗျာများ ကို သတ်မှတ် ထားသော နေရာများ တွင် ပို့စ် တင်၍ ယှဉ်ပြိုင် နိုင်ပြီး ၊ ပရိသတ်များ အနေ နှင့် ၂၆ရက်နေ့ နံနက် ၉နာရီမှ ၂၇ရက်နေ့ ည ၁၀နာရီအထိ မဲပေးနိုင်မည်ဖြစ်ပါသည်။



ပြိုင်ပွဲမှ ဆုရသူများကို ကဗျာရွတ်ပွဲ အခမ်းအနားတွင် အမှတ်တရ လက်ဆောင်များ ချီးမြှင့် မည် ဖြစ်ပြီး ဆုရ ကဗျာ နှစ်ပုဒ်ကိုလည်း ကဗျာရွတ်ပွဲတွင် ထည့်သွင်း ရွတ်ဆို ပေးသွား မည် ဖြစ်ပါသည်။



ကဗျာယှဉ်ပြိုင်ဖို့ နက်ဖြန်ည ၉ နာရီ (၂၆. ၆. ၂၀၀၉) အထိပဲ အချိန်ရပါတော့တယ်။ ပြိုင်ပွဲဝင်ကဗျာ ကိုးပုဒ်တိတိ လက်ခံရရှိထားပြီးပါပြီ အမြန်ဆုံးလာရောက်ယှဉ်ပြိုင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။


ပြိုင်ပွဲဝင်ကဗျာများကိုတော့ ဒီနေရာ မှာလာရောက်ယှဉ်ပြိုင်လို့ရပါတယ်။


မိုးရာသီ ဆက်တင် ကဗျာရွတ်ပွဲ နှင့် ဆုပေးပွဲ အခမ်းအနားသို့ စာပေ ၀ါသနာ ပါသူ မည်သူ မဆို တက်ရောက် နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။

Share 

Add a Comment

You need to be a member of mMz to add comments!

Join this social network

About

MMZ MMZ created this social network on Ning.

Create your own social network!

Birthdays

Birthdays Today

Birthdays Tomorrow

.





top












© 2009   Created by MMZ on Ning.   Create Your Own Social Network

.  |  Report an Issue  |  .  |  Terms of Service

Sign in to chat!