mMz

တယောက်တပြည်ရွာ
ဝေးကွာနေတာ
ငါ့ရင်ထဲမှာ
သိနေပါလည်း
အချစ်ဆုံးသူနှင့်
ဝေးလို့နေရ
ခုလိုညမှာ
တယောက်တည်းထိုင်
တမှိုင်မှိုင်နဲ့
ချစ်သူလာနိုး
မျှော်ကာကိုးပြီး
အိပ်ပျက်ညတွေ
ကုန်လွန်စေခဲ့...။

အလင်းတွေပိတ်
အမှောင်ရိပ်မှာ
တယောက်တည်းတွေး
ငေးနေခဏ
ထိုကာလမှာ
ရွက်ကြွေသံတွေ
ကြားရလေတော့
မင်းခြေသံလား
ငါထင်မှားခဲ့...။

မျက်လုံးကိုမှိတ်
အိပ်ဖို့လုပ်တော့
ငါ့နံဘေးမှာ
မင်းလာထိုင်ပြီး
သာယာချိုအေး
အသံလေးနှင့်
မင်းပြောသလိုပဲ
ကြားနေခဲ့...။

သြော်...
ဘယ်လောက်ဝေးဝေး
ငါအတွေးတွေ
အချစ်ဆုံးသူ
မင်းရဲ့ထံပါး
မင်းအနားမှ
တခဏမှ
ခွဲမရပါ
အချစ်ဆုံးသူလေး
သိပါစေ...။

Tags: အလွမ်းတွေကုန်လွန်ပြီးချစ်သေ...

Share 

Add a Comment

You need to be a member of mMz to add comments!

Join this social network

1 Comment

ksai Comment by ksai on July 7, 2009 at 11:03am
ငိုချင်လာတယ်ကွာ.......

About

MMZ MMZ created this social network on Ning.

Create your own social network!

Birthdays

Birthdays Today

Birthdays Tomorrow

.





top












© 2009   Created by MMZ on Ning.   Create Your Own Social Network

.  |  Report an Issue  |  .  |  Terms of Service

Sign in to chat!