mMz

nwenistory

မောင့်...အချစ်ဆူး....

နေ့စဉ်ရက်ဆက် အလွမ်းဆက်လို့
အိပ်ပျက်ညတွေ မရေနိုင်ပါ
မင်းကိုလွမ်းလို့ ရွှေရင်ကျိုးမှာ
ငါ့ရဲ့ရင်မှာ မမေ့ပါဘူး
အချစ်ဦးမို့ ရူးတော့မယ်...။

မင်းကပစ်သွား မုန်းမေ့သွားလည်း
အမုန်းမမြင် ငါ့ရင်ခွင်မှာ
မင်းကိုပဲလွမ်း အမြဲတမ်းမို့
အိပ်ပျက်ညတွေ များလွန်းနေတာ
မင်းကလွန်တယ် ထင်နေလား...။

ဘာပဲဖြစ်ဖြစ်...
မင်းကမုန်းမေ့ သွားရင်လည်းပဲ
အမုန်းမမြင် ငါ့ရဲ့ရင်မှာ
မင်းကိုလွမ်းတာ အရသာ...။

ငါ စဉ်းစားတယ်..
“အော်...အခုလောက်ဆို
တပါးရင်ခွင် ခိုနားဝင်လို့
ရင်ခွင်ဟောင်းကို မေ့နေမှာပေါ့”လို့...။

ဘာပဲဖြစ်ဖြစ်
မင်းကျေနပ်ရင် ငါနေပျော်တယ်...
မင်းကငါ့ကို ဘာပဲပြောပြော
အမုန်းမပွား မေတ္တာများဖြင့်
အမြဲတမ်းပဲ နားထောင်ပေးခဲ့....။

တခါတလေ
ငါပြောခဲ့တယ်
မင်းမှတ်မိလား...
“သောက်စားမူးယစ်
မကောင်းတဲ့စရိုက် မဖြစ်ရအောင်
ငါပြောခဲ့တယ်”
အဲဒါဘာကြောင့်လဲ
မင်သိလား....။

အမြဲထာဝရ မင်းပျော်ရွှင်စေ
ငါလေအမြဲ ဆုတောင်ပေးတယ်...
ငါ့ဘဝဟာ ပန်းခရေလို
မြေမှာကြွေကျ နွမ်းနေရလည်း
မင်းလေးပျော်ရွှင် ငါမြင်နေရင်
ငါရင်အေးချမ်း ဘဝင်လန်းတယ်
အချစ်ဦးမို့ မေ့ဘူးကွယ်...။

သန်းခေါင်းကျော်ပြီ
မင်းကိုလွမ်းလို့ တယောက်တည်းထိုင်
ငေးမှိုင်နဲ့ ကဗျာကိုရေး
ငါ့ချစ်လေးအတွက်
အချစ်လေးသာ စိတ်ချမ်းသာဖို့
စန္ဒာလမင်း ငွေလမင်းကို
မင်းဆီထံမှောက် အရောက်သာလျှင်
ဆက်သချင်...။

ခက်တာပဲကွယ်...
တခါတလေ ကလေးငယ်လို
နွဲ့ဆိုးလေးဆိုး ငါရင်ကျိုးမယ်
မကျီစားနဲ့ သေတော့မယ်....

နွယ်နီဟန်..
၆.၅.၀၉

Share 

Comment

You need to be a member of mMz to add comments!

Join this Ning Network

Birthdays

Birthdays Today

Birthdays Tomorrow

.





top












© 2009   Created by MMZ on Ning.   Create a Ning Network!

.  |  Report an Issue  |  .  |  Terms of Service

Sign in to chat!