To love is to weave cloth with thread drawn from your heart, even as if your beloved were to wear that cloth.
ကိုယ့်ချစ်သူအပေါ်မှာ ကျနော်တို့ဘယ်လောက်အထိများ လေးနက်ရူးသွပ်ခဲ့ကြဖူးပါသလဲ။
တစ်ချို့က မိုက်ကန်းစူးရှစွာ…..
တစ်ချို့က မြော်မြင်အေးမြစွာ….
ဘာပဲဖြစ်ဖြစ် “အချစ်” ဆိုတဲ့ ဘောင်ထဲကနေပဲ ဖြစ်ပါလ
…
Continue
Added by သူရဿဝါ on July 20, 2009 at 7:13pm —
No Comments
စာအုပ်တစ်အုပ်ထဲမှာ အချစ်နဲ့ပတ်သက်တဲ့အဆိုအမိန့်တွေ ၊ အတွေးအမြင်စာစုလေးတွေဖတ်လိုက်ရပါတယ်။ အဲဒီလိုဖတ်မိပြီးနောက် အဲ့ဒီအဆိုအမိန့်တွေကို ကျနော့်ရဲ့အမြင်အတွေးနဲ့ပေါင်းပြီး ပြန်လည်ရေးသားလိုက်ပါတယ်။
All love is sweet, given or returned.
ပေးတာပဲဖြစ်ဖြစ်၊ ပြန်ရလိုက်တာပဲဖြစ်ဖြစ် အချစ်တေ
…
Continue
Added by သူရဿဝါ on July 19, 2009 at 7:45pm —
No Comments

Friday 13th By Peter Doig
…
Continue
Added by သူရဿဝါ on July 17, 2009 at 2:31pm —
No Comments
(၁) “အိုမင်းချိန်ဆိုတာ အနာဂတ်က နောက်မှာကျန်ခဲ့ပြီး အတိတ်က ရှေ့ပြန်ရောက်လာတဲ့ကာလပါပဲ”
အဲဒီစကားအတိုင်းသာဆို ကျနော့်ရဲ့လက်ရှိကာလတွေဟာ ကျနော့်အတွက် အိုမင်းချိန်တွေပါပဲ။
…
Continue
Added by သူရဿဝါ on July 16, 2009 at 2:53pm —
No Comments
လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းကလည်း
ဒီ မိုးရေစက်တွေပါပဲ
ငါ့ အသွေးအသားထဲ စိမ့် စက် ယို ကျ ခဲ့တာ
မိုးရေတွေစိုနေတဲ့ခြေဖမိုးလေး ငါ မမေ့သေးပါဘူးကွယ်
တစ်ယောက်နဲ့တစ်ယောက် ရနံ့တွေပျိုးခဲ့ကြ
တစ်ယောက်နဲ့တစ်ယောက် ရေခဲမတတ်အေးစက်ပစ်ကြ
တစ်ယောက်နဲ့တစ်ယောက် မျက်တောင်မခပ်စတမ်းမေ့လိုက်ကြ
မိုးရေထဲက မီးလောင်ပြင်တွေ မီးသင့်ဒဏ်ရာတွေ
စူး နစ် စို ရွှဲ ဆံစတွေ ကျိန်စာနဲ့ လမ်းလျှောက်ထွက်ခြင်းတွေ
မိုးရေထဲမှာ မိုးတွေထပ်ရွာ . . . .
`ဒီလက်တွေကို ဘယ်တော့မှ ဖြု…
Continue
Added by သူရဿဝါ on July 4, 2009 at 8:33pm —
No Comments
အဲ့ဒါနေထွက်လာတာပါ
အဲ့ဒါနေ၀င်သွားတာပါ
မျက်လုံးမည်းမည်း တစုံရဲ့အမုန်းများနဲ့
တစ်ဝက်တစ်ပျက် ဇာတ်ဝင်ခန်း
ဘယ်သူမှ မသိလိုက် မမြင်လိုက်ဘူး
ငါ့အတ္တဟာ ခေါင်းငိုက်စိုက်ကျနေ
ငါ့အတ္တဟာ ငါသောက်ဖို့ကြံမိတဲ့ အိပ်ဆေးပုလင်းဖြစ်နေ
ပြန်မရလိုက်တော့တဲ့ ညနေကိုငေးရင်း
` ´ ကို ဓါးသွားတွေပေါ် ပစ်တင်လိုက်တယ်
ခုတ်ပိုင်းလိုက်တယ် . . . . လွတ်မြောက်သွား
ငါဟာ . . . . .
ငါဟာ လေတိုက်တိုင်း လှုပ်ယိမ်းပေးရတဲ့
မတော်တဆ သစ်ပင်ကြီးတစ်ပင်ပါ
နိစ္စဓူဝတွေကို ပြန်လည်ခေါက်သိမ်းလို့
ခရီးလမ်းမြေပုံစာရွက်ပျောက်လို့
အချစ်ဆိုတာသာမရှိရင်
ငါတို့တစ်ေ…
Continue
Added by သူရဿဝါ on July 3, 2009 at 7:27pm —
2 Comments
ပြီးခဲ့တဲ့နေ့ကပြောခဲ့သလိုပါပဲ။ ကဗျာတစ်ပုဒ်ရဲ့ အသက်ဟာ စကားလုံးသုံးနှုန်းတတ်မှု အပေါ်မှာ အများကြီးမူတည်ပါတယ်။ပိုပြီးရှင်းသွားအောင်ဥပမာတစ်ခုလောက်ထပ်ရေးပြပါဦးမယ်။
အဲဒီလို.....
အိပ်မက်တွေ ပျက်စီးသွားတုန်းက
ဘ၀ဆိုတာ...... နှင်းမကျတဲ့ဆောင်းလိုပဲ ဖြစ်ခဲ့တယ်။
တကယ်ဆို `ကလီယိုပါထရာ` အကြောင်း
မင်းမသိသင့်ခဲ့ဘူး အချစ်ရယ်
ရိုးရိုးရှင်းရှင်းလေးပဲ ရေးထားတဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့အတွက် ကဗျာရဲ့ အဓိပါယ်ကိုတော့…
Continue
Added by သူရဿဝါ on July 2, 2009 at 8:53pm —
No Comments
မြက်ခင်းသစ်လွင်ပြင်နှင့် MOWA တို့ ပူးပေါင်းကျင်းပသည့် မိုးရာသီဆက်တင် ကဗျာရွတ်ပွဲကို ၂၈. ၆. ၂၀၀၉ (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခန့်တွင် စိမ်းလန်းစိုပြေဥယျာဉ် အတွင်းရှိ Zephyr ကော်ဖီဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ကဗျာရွတ်ပွဲ မစတင်မီ မိုးရာသီဆက်တင် ကဗျာပြိုင်ပွဲမှ `ပရိတ်သတ်အကြိုက်ကဗျာဆု´ နှင့် `အက်ဒမင်အဖွဲ့အကြိုက်ကဗျာဆု´ မ…
Continue
Added by သူရဿဝါ on June 29, 2009 at 6:59pm —
2 Comments
ဒီတခါဆက်ပြီးရေးပြချင်တာကတော့ နဲနဲအရေးကြီးပါတယ်။ ဘာလဲဆိုတော့ ကဗျာတစ်ပုဒ်ရဲ့ အသက်လို့ပြောလို့ရတဲ့
စကားလုံးရွေးချယ်ပုံ
တင်ပြပုံ (Presentation)
နိမိတ်ပုံခိုင်းနှိုင်းမှု
…
Continue
Added by သူရဿဝါ on June 29, 2009 at 9:39am —
No Comments
ကျနော်က အမြဲတမ်း ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာလေးတွေရေးနေတတ်လို့ ကြာရင် သူရဿဝါက ပေါတောတောကြီးလို့ ထင်သွားကြမှာစိုးလို့ ဒီတစ်ခါတော့ အတည်အခန့်လေးတစ်ခုလောက်ရေးပြချင်ပါတယ်။ ဘာအကြောင်းရေးရင်ကောင်းမလဲလို့ တွေးကြည့်တော့ ကဗျာတွေအကြောင်းရေးပြချင်လာပါတယ်။ ကဲ..... စလိုက်ရအောင်။
ဘာမှစပြီးမရေးခင်မှာ ကြိုပြီးတောင်းပန်ချင်တာကတော့ ကျနော်ဒီစာစုကိုရေးပြတာက အရမ်းတတ်နေလို့ မဟုတ်ပါဘူး။သိထားလောက်လေးကိုပဲ ပြန်ပြီးမျှဝေတယ်လို့ သဘောထားပေးကြပါလို့
အွန်လိုင်းမှာစာရေးနေကြတဲ့ သူငယ်ချင်းအားလုံးလိုလိုဟာ ကဗျာရေးကြတဲ့သူတွေများပါတယ…
Continue
Added by သူရဿဝါ on June 27, 2009 at 1:00pm —
No Comments
ခေတ်ပေါ်ကဗျာရဲ့ ရေးသူ ဖတ်သူ လွတ်လပ်ပုံ တစ်မျိုးကို ပြောပြပါဦးမယ်။ ရေးသူက သူ့ရဲ့ခံစားချက်နဲ့ သူရေးလိုက်ပေမယ့် ဖတ်တဲ့သူကလည်း ကိုယ့်စိတ်ထဲမှာ တိုက်ဆိုင်မိတဲ့ ခံစားချက်တစ်ခုကို ဆွဲယူပြီး ခံစားချက်ထည့်ဖတ်လို့ရပါတယ်။ ကဗျာရေးသူသုံးလိုက်တဲ့ စကားလုံးက အဓိပါယ်တွေ အများကြီးဖြာထွက်လေလေ... ကဗျာရဲ့ အကွာအဝေးက ရှည်လျားလေလေပါပဲ။ အဲဒါနဲ့ ပတ်သက်လို့
ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်း ဇူလိုင်လ ၂၀၀၇ ခုနှစ် အမှတ် (၁ ) မှာ ကျနော်ရေးခဲ့တဲ့
`ပျံသန်းခြင်း´ ဆိုတဲ့ ကဗျာလေးကို ဥပမာအနေနဲ့ ထုတ်ပြပါ့မယ်။
ပျံသန်းခြင်း…
Continue
Added by သူရဿဝါ on June 27, 2009 at 1:00pm —
No Comments
`မိုးရာသီဆက်တင်´ ကဗျာပြိုင်ပွဲအတွက် ကဗျာပေါင်း ၁၃ ပုဒ်တိတိ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အခုအချိန်ကစပြီး ပြိုင်ပွဲဝင်ကဗျာများကို `ပရိသတ်အကြိုက်ကဗျာဆု´ ပေးဖို့အတွက် Vote ပေးလို့ရပါပြီ။ Vote လာပေးရမယ့်နေရာက မြက်ခင်းသစ်လွင်ပြင်ရဲ့ မူလစာမျက်နှာမှာ ပါ။ ကဗျာတွေကို သေချာပြန်ဖတ်ပြီးမှ Vote ချင်သူများက…
Continue
Added by သူရဿဝါ on June 26, 2009 at 10:39am —
No Comments
မိုးရာသီဆက်တင် ကဗျာပြိုင်ပွဲအတွက်အတွက် ဆုနှစ်ဆုသတ်မှတ်ထားတဲ့နေရာမှာ ပရိသတ်အကြိုက်ဆုံးဆုကိုတော့ ၂၇. ၆. ၂၀၀၉ (စနေနေ့) ည ဆယ်နာရီအချိန်မှာ ထုတ်ပြန်ကြေငြာပေးသွားမှာဖြစ်ပြီး `အက်ဒမင်အဖွဲ့ အကြိုက်ဆုံးကဗျာဆု´ ကိုတော့ ကဗျာရွတ်ပွဲကျင်းပတဲ့အချိန်မှ တစ်ခါတည်းထုတ်ပြန်ကြေငြာပြီး ဆုပေးအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ကဗျာပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ထားသူတွေအနေနဲ့ ကဗျာရွတ်ပွဲနေ့မှာ သတ်မှတ်နေရာကို ကြွရောက်ပေးဖို့ ထပ်မံအသိပေးအပ်ပါတယ်ခင်ဗျာ။…
Continue
Added by သူရဿဝါ on June 25, 2009 at 11:13am —
No Comments
မြက်ခင်းသစ် နှင့် မြန်မာအွန်လိုင်း စာရေးသူများ အသင်းမှ ပူးပေါင်း စီစဉ်သည့် `မိုးရာသီ ဆက်တင် ကဗျာရွတ်ပွဲ´ကို ရန်ကုန်မြို့ စိမ်းလန်းစိုပြေ ဥယျာဉ်အတွင်းတွင် ၂၈. ၆. ၂၀၀၉ (တနင်္ဂနွေနေ့) နံနက် ၉နာရီ မှ ၁၂နာရီ အထိကျင်းပ သွားမည်ဖြစ်ပါသည် ။
ကဗျာရွတ်ပွဲနှင့်အတူ `မိုးရာသီဆက်တင်´ ကဗျာပြိုင်ပွဲကိုပါ ကျင်းပပေးမည် ဖြစ်ပြီး မိုးရာသီ နှင့် ပတ်သက်သော မည်သည့် ကဗျာ အမျိုးအစားနှင့် မဆို ၀င်ရောက် ယှဉ်ပြိုင်နိုင်ပါသည် ။
ပြိုင်ပွဲတွင် `မြက်ခင်းသစ် အက်ဒမင်အဖွဲ့ အကြိုက်ဆုံးဆု´ နှင့် စာဖတ် ပရိသတ်အကြိုက်ဆုံး ဆု´ ဟူ၍ ဆု…
Continue
Added by သူရဿဝါ on June 24, 2009 at 11:51am —
No Comments
ဒီတခါတော့ ကာရန်မဲ့ကဗျာတွေ မော်ဒန်ကဗျာတွေကြားထဲမှာ တဖြည်းဖြည်းအသက်ရှူကျပ်လာရှာတဲ့ ရိုးရာကဗျာလေးအကြောင်းပြောချင်ပါတယ်။
ရတုကဗျာအမျိုးအစားအကြောင်းပါ။ တကယ်တော့ ရတုကဗျာရဲ့သက်တမ်းဟာ အတော်ကိုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အင်းဝခေတ်ကနေစပြီး ကျော်ကြားလာခဲ့တာပါ။ ဒါပေမယ့် ခုဆိုရင် ရတုကဗျာဟာ တခြားရိုးရာကဗျာတွေနည်းတူပဲ တိမ်မြုပ်လာပါပြီ။ ရေးတဲ့သူလည်း ရှားလာပါပြီ။ အဲဒီတော့ ကျနော်ကပြန်ပြီး အဲဒီရတုကဗျာအကြောင်း သူငယ်ချင်းတွေဗဟုသုတရအောင် ပြန်ပြောချင်ပါတယ်။ ကျနော်ပြောတဲ့အချက်အလက်ထဲမှာ အမှားပါသွားရင်လည်း သိတဲ့သူငယ်ခ…
Continue
Added by သူရဿဝါ on June 24, 2009 at 11:18am —
1 Comment

အခုဆိုပြိုင်ပွဲဝင်ကဗျာ လေးပုဒ် လက်ခံရရှိထားပြီဖြစ်ပါတယ်ခင်ဗျာ။ ၂၆. ၆. ၂၀၀၉ (သောကြာနေ့) မနက် ၉ နာရီမတိုင်ခင်
ပြိုင်ပွဲဝင်ကဗျာများ မြန်မြန်လာရောက်ယှဉ်ပြိုင်ကြစေလိုပါတယ်။
ပြိုင်ပွဲဝင်ကဗျာများကိုတော့
ဒီနေရာ မှာလာရောက်ယှဉ်ပြိုင်လို့ရပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Continue
Added by သူရဿဝါ on June 23, 2009 at 7:23pm —
No Comments
အငြိုးတွေ..တိမ်တိုက်တွေလို ပျိုးတယ်…
မိုးရယ်..
ဒါဟာ တကယ်ကိုမရည်ရွယ်ခဲ့တဲ့လျှပ်ကြောင်းပါ…
ဟောဒီ မိုးရာသီတစ်ခုလုံးနဲ့ ကိုယ်တိုင်တည်ပါတယ်
မင်းအပေါ် တဖွဲဖွဲရွာခဲ့ဖူးတယ်ဆိုတာ ...
လွင့် .. ၀ဲ ... လွင့် လွဲ
ငါကသစ္စာ မမဲ့ပါဘူး…
ငါဟာ သစ္စာ မမဲ့ခဲ့ပါဘူး…
အို …အဘယ်သို့ စကားသံတွေ
ဒီရင်ခွင်ထဲ ပဲ့တင်ထပ်နေခဲ့ပါသလဲ….
ကိုယ့်လက်တွေက
မိုးပေါက်ကလေးတွေကိုတောင် မခံယူတတ်ခဲ့
ကိုယ်လည်း မင်းဆီက
မင်းလည်း ကိုယ့်ဆီက
လွင့်. ... လွင့်. ... လွဲသွားတယ်
ကိုယ့်စိတ်အတွေးတွေနဲ့ ကိုယ်
လမ်းဆက်လျှောက်နေ…
Continue
Added by သူရဿဝါ on June 22, 2009 at 9:33pm —
No Comments
ကျနော် အရမ်းကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်အကြောင်းပြောချင်ပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးပါ။ ရိုးရိုးတန်းတန်းဖတ်ရင်တော့ ဘာမှမဟုတ်တဲ့ သာမာန်လေးချိုးကဗျာလေးတစ်ပုဒ်ပါ။ ဒါပေမယ့် တစ်ပုဒ်လုံးကို သေချာဖတ်ပြီး စကားလုံးတစ်လုံးချင်း တစ်ပိုဒ်ချင်းတွေးကြည့်ရင် အရမ်းကိုရသမြောက်တဲ့၊ အရမ်းကိုလှတဲ့ကဗျာလေးတစ်ပုဒ် ဆိုတာတွေ့နိုင်ပါတယ်။ ကဗျာလေးကိုဖတ်ကြည့်ပါဦး။ အားလုံးလည်း ဖတ်ဖူးကြမယ်ထင်ပါတယ်။
လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး
မနက်တုန်းဆီက
ကျော့ထုံးကိုမောင်မြင်တော့
သူ့ဆံပင်နှင်းဆီပွင့်တွေနှင့်…
Continue
Added by သူရဿဝါ on June 21, 2009 at 2:48pm —
1 Comment
ပြီးခဲ့တဲ့ ၂၈ ရက်နေ့မှာ ကျနော်တို့
Mysuboo Fanclub က သူငယ်ချင်းတွေစုပေါင်းပြီး မြောက်ဥက္ကလာမှာရှိတဲ့ ဝေဘာဂီကူးစက်ဆေးရုံကို သွားရောက်လှူဒါန်းဖြစ်ခဲ့ကြပါတယ်။ ဒီအလှူပွဲ လေးအတွက်လည်း ခါတိုင်းလိုပဲ
Member တွေရဲ့ လှူဒါန်းငွေတွေ၊ ပြင်ပအလှူရှင်တွေရဲ့ လှူဒါန်းငွေတွေ အားလုံးစုပေါင်းပြီး လှူဒါန်းဖြစ်ခဲ့ကြတာပါ။
AIDS ရောဂါဝေဒနာရှင်တွေကို လှူဒါန်းခဲ့ကြတဲ့ဒီပွဲမှာ လူနာတစ်ဦးချင်းဆီအတွက်
အာဟာရဖြစ်စေမယ့် အစားအသောက်ပစ္စည်းတွေအပြင်
ခြုံစောင်တွေ၊ Member တွေလှူဒါန်းတဲ့
အ၀တ် အထည်ေ…
Continue
Added by သူရဿဝါ on June 20, 2009 at 9:30am —
No Comments
အဲဒီလိုနဲ့ မလျှောက်ဖြစ်တာကြာတဲ့ လမ်းတွေပေါ်ပြန်ရောက်လာကြတယ်။ ဇာတိနဲ့ သူရဿဝါ ….. ။ ခါတိုင်းလို မဟုတ်ဘူး။ ချစ်သူ့သီချင်း၊ လွမ်းဆူးရူးမိုက်တဲ့သီချင်း … တစ်ပုဒ်မှဆိုလို့မရကြပါဘူး။ စိတ်လေလွင့်မှုနဲ့ ဒုက္ခကိုယ် ထည်အောက်မှာ ….. မှောင်မိုက်ရင်း ဒါကိုရေးမိကြပါတယ်။ ကဗျာက `လူမွဲသီချင်း´ ပါ။
လူမွဲသီချင်း
…
Continue
Added by သူရဿဝါ on June 18, 2009 at 9:45am —
1 Comment