mMz

All Blog Posts Tagged '၊' (15)

သူရဿဝါ ခေတ်ပေါ်ကဗျာအကြောင်းတစေ့တစောင်း (၄)

ပြီးခဲ့တဲ့နေ့ကပြောခဲ့သလိုပါပဲ။ ကဗျာတစ်ပုဒ်ရဲ့ အသက်ဟာ စကားလုံးသုံးနှုန်းတတ်မှု အပေါ်မှာ အများကြီးမူတည်ပါတယ်။ပိုပြီးရှင်းသွားအောင်ဥပမာတစ်ခုလောက်ထပ်ရေးပြပါဦးမယ်။ အဲဒီလို..... အိပ်မက်တွေ ပျက်စီးသွားတုန်းက ဘ၀ဆိုတာ...... နှင်းမကျတဲ့ဆောင်းလိုပဲ ဖြစ်ခဲ့တယ်။ တကယ်ဆို `ကလီယိုပါထရာ` အကြောင်း မင်းမသိသင့်ခဲ့ဘူး အချစ်ရယ်

ရိုးရိုးရှင်းရှင်းလေးပဲ ရေးထားတဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့အတွက် ကဗျာရဲ့ အဓိပါယ်ကိုတော့… Continue

Added by သူရဿဝါ on July 2, 2009 at 8:53pm — No Comments

သူရဿဝါ မိုးရာသီဆက်တင်ကဗျာရွတ်ပွဲနှင့် ကဗျာပြိုင်ပွဲ ဆုပေးပွဲအောင်မြင်စွာကျင်းပ

မြက်ခင်းသစ်လွင်ပြင်နှင့် MOWA တို့ ပူးပေါင်းကျင်းပသည့် မိုးရာသီဆက်တင် ကဗျာရွတ်ပွဲကို ၂၈. ၆. ၂၀၀၉ (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခန့်တွင် စိမ်းလန်းစိုပြေဥယျာဉ် အတွင်းရှိ Zephyr ကော်ဖီဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကဗျာရွတ်ပွဲ မစတင်မီ မိုးရာသီဆက်တင် ကဗျာပြိုင်ပွဲမှ `ပရိတ်သတ်အကြိုက်ကဗျာဆု´ နှင့် `အက်ဒမင်အဖွဲ့အကြိုက်ကဗျာဆု´ မContinue

Added by သူရဿဝါ on June 29, 2009 at 6:59pm — 2 Comments

သူရဿဝါ ခေတ်ပေါ်ကဗျာအကြောင်း တစေ့တစောင်း (၃)ဆောင်းပါး ၊ ကဗျာရေးရာ

ဒီတခါဆက်ပြီးရေးပြချင်တာကတော့ နဲနဲအရေးကြီးပါတယ်။ ဘာလဲဆိုတော့ ကဗျာတစ်ပုဒ်ရဲ့ အသက်လို့ပြောလို့ရတဲ့ စကားလုံးရွေးချယ်ပုံ

တင်ပြပုံ (Presentation)

နိမိတ်ပုံခိုင်းနှိုင်းမှု

Continue

Added by သူရဿဝါ on June 29, 2009 at 9:39am — No Comments

သူရဿဝါ ခေတ်ပေါ်ကဗျာအကြောင်း တစေ့တစောင်း (၁)

ကျနော်က အမြဲတမ်း ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာလေးတွေရေးနေတတ်လို့ ကြာရင် သူရဿဝါက ပေါတောတောကြီးလို့ ထင်သွားကြမှာစိုးလို့ ဒီတစ်ခါတော့ အတည်အခန့်လေးတစ်ခုလောက်ရေးပြချင်ပါတယ်။ ဘာအကြောင်းရေးရင်ကောင်းမလဲလို့ တွေးကြည့်တော့ ကဗျာတွေအကြောင်းရေးပြချင်လာပါတယ်။ ကဲ..... စလိုက်ရအောင်။ ဘာမှစပြီးမရေးခင်မှာ ကြိုပြီးတောင်းပန်ချင်တာကတော့ ကျနော်ဒီစာစုကိုရေးပြတာက အရမ်းတတ်နေလို့ မဟုတ်ပါဘူး။သိထားလောက်လေးကိုပဲ ပြန်ပြီးမျှဝေတယ်လို့ သဘောထားပေးကြပါလို့ အွန်လိုင်းမှာစာရေးနေကြတဲ့ သူငယ်ချင်းအားလုံးလိုလိုဟာ ကဗျာရေးကြတဲ့သူတွေများပါတယ… Continue

Added by သူရဿဝါ on June 27, 2009 at 1:00pm — No Comments

သူရဿဝါ ခေတ်ပေါ်ကဗျာအကြောင်း တစေ့တစောင်း (၂)

ခေတ်ပေါ်ကဗျာရဲ့ ရေးသူ ဖတ်သူ လွတ်လပ်ပုံ တစ်မျိုးကို ပြောပြပါဦးမယ်။ ရေးသူက သူ့ရဲ့ခံစားချက်နဲ့ သူရေးလိုက်ပေမယ့် ဖတ်တဲ့သူကလည်း ကိုယ့်စိတ်ထဲမှာ တိုက်ဆိုင်မိတဲ့ ခံစားချက်တစ်ခုကို ဆွဲယူပြီး ခံစားချက်ထည့်ဖတ်လို့ရပါတယ်။ ကဗျာရေးသူသုံးလိုက်တဲ့ စကားလုံးက အဓိပါယ်တွေ အများကြီးဖြာထွက်လေလေ... ကဗျာရဲ့ အကွာအဝေးက ရှည်လျားလေလေပါပဲ။ အဲဒါနဲ့ ပတ်သက်လို့ ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်း ဇူလိုင်လ ၂၀၀၇ ခုနှစ် အမှတ် (၁ ) မှာ ကျနော်ရေးခဲ့တဲ့ `ပျံသန်းခြင်း´ ဆိုတဲ့ ကဗျာလေးကို ဥပမာအနေနဲ့ ထုတ်ပြပါ့မယ်။ ပျံသန်းခြင်းContinue

Added by သူရဿဝါ on June 27, 2009 at 1:00pm — No Comments

သူရဿဝါ ရတုကဗျာအကြောင်း

ဒီတခါတော့ ကာရန်မဲ့ကဗျာတွေ မော်ဒန်ကဗျာတွေကြားထဲမှာ တဖြည်းဖြည်းအသက်ရှူကျပ်လာရှာတဲ့ ရိုးရာကဗျာလေးအကြောင်းပြောချင်ပါတယ်။ ရတုကဗျာအမျိုးအစားအကြောင်းပါ။ တကယ်တော့ ရတုကဗျာရဲ့သက်တမ်းဟာ အတော်ကိုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အင်းဝခေတ်ကနေစပြီး ကျော်ကြားလာခဲ့တာပါ။ ဒါပေမယ့် ခုဆိုရင် ရတုကဗျာဟာ တခြားရိုးရာကဗျာတွေနည်းတူပဲ တိမ်မြုပ်လာပါပြီ။ ရေးတဲ့သူလည်း ရှားလာပါပြီ။ အဲဒီတော့ ကျနော်ကပြန်ပြီး အဲဒီရတုကဗျာအကြောင်း သူငယ်ချင်းတွေဗဟုသုတရအောင် ပြန်ပြောချင်ပါတယ်။ ကျနော်ပြောတဲ့အချက်အလက်ထဲမှာ အမှားပါသွားရင်လည်း သိတဲ့သူငယ်ခ… Continue

Added by သူရဿဝါ on June 24, 2009 at 11:18am — 1 Comment

သူရဿဝါ ဆရာကြီးမင်းသုဝဏ်နှင့် အသည်းကွဲခရေ

ကျနော် အရမ်းကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်အကြောင်းပြောချင်ပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးပါ။ ရိုးရိုးတန်းတန်းဖတ်ရင်တော့ ဘာမှမဟုတ်တဲ့ သာမာန်လေးချိုးကဗျာလေးတစ်ပုဒ်ပါ။ ဒါပေမယ့် တစ်ပုဒ်လုံးကို သေချာဖတ်ပြီး စကားလုံးတစ်လုံးချင်း တစ်ပိုဒ်ချင်းတွေးကြည့်ရင် အရမ်းကိုရသမြောက်တဲ့၊ အရမ်းကိုလှတဲ့ကဗျာလေးတစ်ပုဒ် ဆိုတာတွေ့နိုင်ပါတယ်။ ကဗျာလေးကိုဖတ်ကြည့်ပါဦး။ အားလုံးလည်း ဖတ်ဖူးကြမယ်ထင်ပါတယ်။ လယ်တောကအပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး မနက်တုန်းဆီက ကျော့ထုံးကိုမောင်မြင်တော့ သူ့ဆံပင်နှင်းဆီပွင့်တွေနှင့်Continue

Added by သူရဿဝါ on June 21, 2009 at 2:48pm — 1 Comment

သူရဿဝါ ပျိုမြစ်သောကလေးများရဲ့ အိုမင်းနေသော မျှော်လင့်ချက်တွေအကြောင်း

ပြီးခဲ့တဲ့ ၂၈ ရက်နေ့မှာ ကျနော်တို့ Mysuboo Fanclub က သူငယ်ချင်းတွေစုပေါင်းပြီး မြောက်ဥက္ကလာမှာရှိတဲ့ ဝေဘာဂီကူးစက်ဆေးရုံကို သွားရောက်လှူဒါန်းဖြစ်ခဲ့ကြပါတယ်။ ဒီအလှူပွဲ လေးအတွက်လည်း ခါတိုင်းလိုပဲ Member တွေရဲ့ လှူဒါန်းငွေတွေ၊ ပြင်ပအလှူရှင်တွေရဲ့ လှူဒါန်းငွေတွေ အားလုံးစုပေါင်းပြီး လှူဒါန်းဖြစ်ခဲ့ကြတာပါ။ AIDS ရောဂါဝေဒနာရှင်တွေကို လှူဒါန်းခဲ့ကြတဲ့ဒီပွဲမှာ လူနာတစ်ဦးချင်းဆီအတွက် အာဟာရဖြစ်စေမယ့် အစားအသောက်ပစ္စည်းတွေအပြင် ခြုံစောင်တွေ၊ Member တွေလှူဒါန်းတဲ့ အ၀တ် အထည်ေContinue

Added by သူရဿဝါ on June 20, 2009 at 9:30am — No Comments

သူရဿဝါ ကျနော်သိသလောက်လေး... ပြောချင်တာလေးတွေ.... (၂)

ကျနော်ကြားဖူးတာတစ်ခုရှိပါတယ်။ ပုဂံရာဇ၀င်အကြောင်း ပြောကြတဲ့အခါ တကယ်ပြောကြပြီဆိုရင် တုတ်ထမ်းဓါးထမ်းပြောရတယ် ဆိုတဲ့စကားပါ။ ဘာလို့လဲဆိုတော့ သမိုင်းသုတေသီတွေရဲ့ အချက်အလက် အထောက်အထားတွေဟာ ကွဲလွဲချက်တွေသိပ်ကိုများလွန်းလို့ပါတဲ့။ အဲဒီလိုပါပဲ.. ဘာသာရေးအကြောင်းကို တကယ်ပြောကြပြီဆိုရင်လည်း အခြေအတင်ငြင်းခုံဆွေးနွေးရတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ တစ်ဦးနဲ့တစ်ဦး ယုံကြည်သက်ဝင်ပုံချင်း၊ သဘောပေါက်နားလည်မှုချင်း မတူညီတတ်ကြလို့ပါပဲ။ ဘာသာရေးနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကို ပြောရင်း အချစ်ဆုံးသူငယ်ချင်းတွေတေ… Continue

Added by သူရဿဝါ on June 17, 2009 at 11:14am — 4 Comments

သူရဿဝါ ကျနော်သိသလောက်လေး... ပြောချင်တာလေးတွေ (၁)

ဟိုတလောက စုဗူးထဲမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ ပိုစ့်လေးတွေကို ဖတ်လိုက်ရပါတယ်။ အဲဒီပိုစ့်လေးတွေကိုဖတ်ပြီး ကျနော်တို့လူငယ်တွေလည်း ဘာသာရေးကို ယုံကြည်သက်ဝင်ကြတယ်၊ စူးစမ်းလိုစိတ်ရှိကြတယ် ဆိုတာသိလိုက်ရလို့ ၀မ်းသာမိပါတယ်။ သံယောဇဉ်ရဲ့ သိခဲ့သောအသိဆိုတဲ့ ပိုစ့်လေးလည်းတော်တော်ကောင်းပါတယ်။ ကျနော်ကလည်း ဘာသာရေးနဲ့သက်ဆိုင်တာလေးတွေကို ကျနော်သိသလောက်ရေးကြည့်ချင်စိတ် ဖြစ်လာပါတယ်။ ဗုဒ္ဓဘာသာအကြောင်း ကိုပဲ ရေးပါ့မယ်။ အမြင်မတူတာတွေ.. ကျနော်ရေးတာအပေါ်မှာ ဆွေးနွေးချင်တာတွေရှိခဲ့မယ်ဆိုလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။… Continue

Added by သူရဿဝါ on June 17, 2009 at 11:07am — 3 Comments

သူရဿဝါ အပျိုကြီးမမအတွက်

(၁) ဒီနေ့မနက် သူရဿဝါ အစောကြီးနိုးလာပါတယ်။ မနေ့ညက အိပ်မက်ဆိုးတွေမက်တာလည်းပါတာပေါ့။ အိပ်မက်တွေကလုံးဝမကောင်းတော့ စိတ်ထဲတထင့်ထင့်နဲ့။ ဒါပေမယ့်လည်း ကိုယ့်ကိုယ်ကို စိတ်ဖြေရတာပေါ့လေ။ အိပ်မက်ဆိုတာကလည်း အပြင်မှာတကယ်ဖြစ်တာမှ မဟုတ်တာဆိုပြီးတော့ပေါ့။ ဒါပေမယ့် မကောင်းတဲ့အိပ်မက်တွေက အပြင်ကိုတကယ်များခုန်ထွက်ပြီးရောက်လာသလားမသိပါဘူးဗျာ။ ဘာလို့လဲဆိုတော့ သူရဿဝါဆီကို မျက်နှာလေးမှိုင်မှိုင်နဲ့ ပြဿနာတွေကိုပါ အငှားကားပေါ်တင်ပြီး မိန်းကလေးတစ်ယောက်ရောက်လာပါတယ်။ ဘယ်သူများပါလိမ့်လို့ သေချာကြည့်လိုက်တော့ အားပါးပါး….… Continue

Added by သူရဿဝါ on June 12, 2009 at 10:27am — 1 Comment

သူရဿဝါ အဲဒီဖေဖေတည်ခဲ့တဲ့ကမ္ဘာ

(၁)

ထင်မှတ်မထားတဲ့တစ်ရက်မှာ ကျနော့်အဖေ နယ်ကပြန်လာပါတယ်။ အဖေပြန်လာတဲ့အချိန်မှာ ကျနော် က ရုံးတက်နေခဲ့တယ်။ အဖေ ရောက်ရောက်ချင်း မသိလိုက်ဘူး။ ည ၈ နာရီလောက် အိမ်ပြန်ရောက်မှ အဖေနဲ့ ဆုံတယ်။ မတွေ့တာကြာပြီဖြစ်တဲ့သားကို ဖက်လှဲတကင်း နှုတ်ဆက်ပါတယ်။ ဒါပေမယ့် အဖေ့မျက်လုံးထဲမှာ

Continue

Added by သူရဿဝါ on June 6, 2009 at 8:54pm — 4 Comments

သူရဿဝါ တိုး ပွား မ စ အဘထ

ဒီကောင်လေးကိုတော့ အသည်းယားလာပြီ။ ချစ်တယ်ဆိုလည်း မြန်မြန်ပြောတာမဟုတ်ဘူး။ ဒီကဖြင့် မသိတာကျနေတာပဲ။ ဟွန်း… ဒီလောက်တောင် အဖြစ်မရှိတဲ့ကောင်စုတ်လေး….။ ဒီတစ်ခါ တို့ကားနောက်ကနေ သူ့ကားလေးကပ်ပါလာလို့ကတော့ ရှေ့ကနေ ဘရိတ်ကို ဆောင့်အုပ်ပစ်လိုက်မယ်။ အဲဒါဆို သူကအရှိန်မထိန်းနိုင်ဘဲ ကားကိုဝင်ဆောင့်မိတာနဲ့ သူ့ကိုရန်တွေ့ပြီး ဇာတ်လမ်းရှာပစ်လိုက်မယ်။ သူကတောင်းပန်မယ်..။ အဲဒီနောက်တော့ ထုံးစံအတိုင်း ချစ်ကြ ကြိုက်ကြ အီကြလေသတည်း ပေါ့။ အဲ… တို့ကားကတော့ တော်တော်ပစ်ရမှာပဲ။ အင်း… ကိစ္စမရှိပါဘူးလေ။ တို့ဒယ်ဒီက သူဌေးပဲဟာကို။ ဟိုတယ… Continue

Added by သူရဿဝါ on June 3, 2009 at 11:26am — 1 Comment

သူရဿဝါ ကျနော်နဲ့ ဥသာယူနိုက်တက်

ပြီးခဲ့တဲ့ (၂၁. ၅. ၂၀၀၉) က မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁)ရဲ့ နောက်ဆုံးပွဲဖြစ်တဲ့ ဥသာယူနိုက်တက်နဲ့ ကမ္ဘောဇတို့ ကန်တဲ့ပွဲကို သွားကြည့်ဖြစ်ပါတယ်။ အစကတော့ ဘယ်ဘက်ကမှ အားပေးဖို့မဟုတ်ပါဘူး။ မြန်မာနေရှင်နယ်လိဂ် ပွဲတွေစတော့ ကိုယ်ကရန်ကုန်သားဆိုတော့ ရန်ကုန်ယူနိုက်တက်ပဲ အားပေးမလားလို့ပေါ့။ ဒါပေမယ့် အဲ့ဒီပွဲကို ကျွန်တော့်ကောင်မလေးက ကျွန်တော့်ကိုခေါ်သွားတာ (နောက်သူငယ်ချင်းတစ်ယောက်လည်း ပါသေးတယ်)။ သူနဲ့အတူ ဥသာယူနိုက်တက်ကို လိုက်အားပေးပါတဲ့။ ပထမတော့ ငြင်းဦးမလို့ပါပဲ။ နောက်မှ တခြားတစ်ခုကိုသွား သတိရတယ်။ ပရီးမီးယားလိ… Continue

Added by သူရဿဝါ on May 27, 2009 at 7:12pm — 1 Comment

သူရဿဝါ ဇာတ်ဝင်ခန်း ၂၄

ဒါဟာ လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်ကအပ်တစ်စင်း ထိတွေ့ကြတာမဟုတ်ဘူး လူတစ်ယောက်ရဲ့ ဆန္ဒတွေနဲ့ လောကရဲ့ဇာတ်ဝင်ခန်းများ ထိပ်တိုက်တွေ့ကြတာ ကြည့်လို့တော့ကောင်းလာပါလိမ့်မယ် အခုပဲ ဇာတ်ဝင်ခန်း ၂၄ တခါတလေတော့လည်း `ဒီလိုပါပဲ´ အမရယ် အမြဲတမ်းလည်း `ဒီလိုပါပဲ´ အမရယ် ဘ၀ဆိုတဲ့ကောင်က သူ့ကြိုးဝိုင်းထဲပဲ ကျနော်တို့ကို အတင်းဆွဲ ဆွဲခေါ်သွားတတ်တာ ပေါ်လာလိုက် … မြုပ်သွားလိုက် မြုပ်သွားလိုက် … ပေါ်လာလိုက်နဲ့ ကျနော်တို့ ရေကူးနေကြတာလား ခပ်ဆင်ဆင်တော့ တူပါတယ် ဘ၀ကို အလျားလိုက်ကြီး ဖြတ်ကူးနေရတာ အခုလိုမျိုး မွေးနေ့ပွဲတွေလည်းပ… Continue

Added by သူရဿဝါ on May 25, 2009 at 1:36pm — No Comments

Monthly Archives

2009

2008

1999

1970

About

MMZ MMZ created this Ning Network.

.





top












© 2009   Created by MMZ on Ning.   Create a Ning Network!

.  |  Report an Issue  |  .  |  Terms of Service

Sign in to chat!