mMz

ဝင်းထိုက်
  • Male
  • Mandalay
  • Myanmar
Share 

ဝင်းထိုက်'s Friends

blog

Loading feed

 

ဝင်းထိုက်'s Page

သူငယ်ချင်း

ကျွှန်တော်တိုဆေးကျောင်းစဖွင့်တဲ့နေ မှတ်မိပါသေးတယ် တောကတတ်လာတဲ့ကျွန်တော့အတွက် မျက်စိသူငယ်နားသူငယ်နဲ့ပေါ့ သူငယ်ချင်းလည်းမရှိ အဖေပြောတဲ့ မြိုကြီးသားလူလိမ်တွေနဲ့တွေ့မှာလည်းစိုးရနဲ့ တော်တော်ကိုမလွယ်တဲ့ဟာပဲ အရမ်းစိတ်ညစ်ဖို့ကောင်းတာပဲ စာသင်ဆောင်ကြီးတွေဆိုတာ ကျွန်တော်တို့ရွာက ကျောင်းနဲ့တခြားစီပါပဲ ပထမနှစ်စာသင်ရမည့်အခန်းကိုဝင်လိုက်တယ်ဆိုရင်ပဲ ဆရာ Roll call ခေါ်နေပြီ ကျောင်းသားတွေကလည်း များပါဘိနဲ ခြေဖျားလက်ဖျားတွေပါတုန်လာတယ် ထိုင်ရမည့်နေရာရှာလိုက်တော့ ခုံအလွတ်တစ်လုံးတွေတာနဲ့ ၀င်ထိုင်လိုက်တယ် ဆရာခေါ်တဲ့ Roll call အပေါ်အာရုံစိုက်နေလိုက်တာ ကျွန်တော့်ဘေးက ဘော်ဒါကိုတောင်ဂရုမစိုက်မိဘူး သူကစာရေးခုံပေါ်မှာ correction pen နဲ့ စာ အသည်းအသန်ရေးနေကိုကြည့်လိုက်မိတယ်
" ချစ်သူ့အုတ်ဂူ ...ထုံးဖြူဖြူ
ခြူခြူနဲ့ပန်း.......တဗြန်းဗြန်း"
ကျွန်တော် မတားနိုင်အောင်ရယ်ပစ်လိုက်တယ် " ဟား ...ဟား "
သူက ကျွန်တော် ရယ်တာကို ဒေါသတကြီးနဲ ကြည်ပြီးကျွန်တော့် လက်ကိုဆွဲထားတယ်
" မင်းကဘာလို့ရယ်တာလည်း........."
" မင်းရေးထားတာရယ်ရလို့ပေါ့ကွ..."ကျွန်တော် က လည်းပြန်ပြောလိုက်တယ်
သူလည်းမျက်ရည်များထွက်အောင်ရယ်ပါလေရော ပြီးတော့ သူကဆက်ပြောတယ်
" မင်းကိုတော့ ကြိုက်သွားပြီဟေ့...........
မင်းနဲ့ငါ သူငယ်ချင်းလုပ်လို့ရသွားပြီ "
" ဘာဆိုင်လိုလဲ ကွ ..................." ကျွန်တော် ပြန်မေးလိုက်တယ်
" ဆိုင်ပြီလား ကွာ ငါကဟာသတွေကိုရေးတယ်
မင်းက ဟာသတွေကိုကြိုက်တယ်
ပေါင်းလို့ရပြီပေါ့ကွ ဟား ဟား "
" ငါ ဟာသကြိုက်တယ်လို့ ဘယ်သူပြောလဲ..."
" ဒီလိုစကားအကပ်မကိုင်နဲ့ တောသား" သူက စိတ်ဆိုးမာန်ဆိုးနဲ့ ကျွန်တော် ကို ပြန်ပြောတယ် ကျွန်တော် လည်း ကိုယ့်ကို တောသားလိုပြောလိုက်တော့ အနာပေါ်ဒုတ်ကျသလို အရမ်းဒေါသထွက်သွားတယ်
" မင်းက ငါကို ဘာလိုတောသားလိုပြောရတာလဲ..."
" မင်းကိုမင်း ပြန်ကြည်အုံး
လည်ပင်းမှာ ဆွဲကြိုးကုံးကြီးနဲ့ "
ကျွန်တော် လည်းပင်းကို ပြန်းစမ်းကြည့် လိုက်တယ် အမေဆင်ပေးလိုက်တဲ့ ရွှေဆွဲကြိုးကုံးကြီးကိုပြန်အမှတ်ရလိုက်တယ်
ကျွန်တော်လည်း ရှက်ရယ်လေးရယ်ပြလိုက်တယ် ဒီလိုနဲပဲ ကျွန်တော်တိုနှစ်ယောက် သူငယ်ချင်းတွေ ဖြစ်သွားကြတယ်ဆိုပါတော့ သူနာမည်က အောင်ကျော်မျိုးမင်း တဲ့ အောင်ကျော်မျိုးလင်း လို့ ခေါ်ရင် အရမ်းဒေါသထွက်တယ် ဒါကြောင့် သူကို ကျော်ကြီးလိုပဲ ကင်မွန်းတပ်လိုက်ကြတယ်
ကျွန်တော် တို နှစ်ယောက် စကားမည်မျှကြာသွားသည်မသိ ဆရာ Roll call ခေါ်နေတာကို သတိရမိတယ်
" Roll no. 400 အေးအေးလှိုင် "
" present ပါ ရှင့် "
" အေးအေးလှိုင်.......ဖြေးဖြေးတိုင်.........ခုံကျိုးကျမယ်..." ကျော်ကြီးက စာချိုးလေးစပ်ပြီးပြောလိုက်တော့ အေးအေးလှိုင်ဆိုတဲကောင်မလေး တော်တော်မျက်နှာပျက်သွားတယ်
ဒီလိုနဲ့ပဲ ကျွန်တော်တို 2nd M.B, ရောက်ခဲ့ကြတယ် ကွမ်းစား၊ အရက်သောက်တတ်လာပြီဆိုပါတော့
ညတိုင်းလိုလို ပုလင်းထောင်ခဲ့ကြတယ် မူးလာပြီဆိုရင် ကျော်ကြီးက ကဗျာတွေစပ်ရင်စပ်မယ် သီးချင်းဆိုရင်ဆိုမယ် ကျောင်းသားဘ၀ဒီလိုပါပဲ ပျော်ကြပါးကြတာပေါ့

" ကိုကို ကျွန်မကို ဆိုက်ကားနဲ့မခေါ်နဲ့xxxxxဆိုင်ကယ်နဲ့တောင် မလိုက်ဘူးသိရဲ့လားxx"
ဒါဆိုရင် ဒီကောင်မှန်သွာုးပီဆိုတာ သိတာနဲ့တပြိုင်နဲ့ ကျွန်တော်ကပါဆက်ဆိုပေးရပါတော့တယ်
" ၁၆ နှစ်မxx ၁၆ နှစ်မxxx အို အို အိုxxxx ၁၆ နှစ်မ"
နောက်တစ်ပုဒ်ဆိုရန် သူကိုအချက်ပြလိုက်တယ် ဒီကောင်ကလည်း မြှောက်ပေးရင် ဟိုဟာတတ်အောင် ကတဲ့ကောင်ဆိုတာသိထားတာကိုး
" မင်းစားချင်တဲ့ ဆေးဘဲဥသုပ် ငါ့ဘက်ကမကျွေးနိုင်xx
ငါယုံကြည်စွာမျှော်လင့်ခဲ့တာ ငါတို့နှစ်ယောက်တော့ မဝေးနိုင်xxxxငါအခန်းနံရံတွေပေါ်မှာအရက်ပုလင်းတွေထောင်ထားဆဲxxအို အို အရူးအမူးပဲ "
" ဟေး ဟေး ကျော်ကြီးကွ ..BE ကျော်ကြီး .BE ကျော်ကြီး "
လက်ခုပ်သံများဆူညံသွားတာပဲ အချိန်တွေကလည်းကုန်လွယ်လိုက်တာ ဘာလိုလိုနဲ့ house surgeon တောင်ရောက်နေကြပြီ သူကတော့သူမိဘတွေနဲ့နီးရာမြိုပမှာ house ဆင်းနေတယ် စာနဲ.phone နဲ့တော့အဆက်အသွယ်ရပါတယ် ဒါပေမယ့်ကျွန်တော့်မှာ.ညတိုင်းအရက်သောက်ဖော်မရှိတော့ပါဘူး
ဒီလိုပါပဲ " တွေ့ဆုံ ကြာကွဲ ဖြစ်ပျက် လောကကြီးမှာ မဖြစ်နုင်တာကို မျှော်လင့်မနေပဲ ရောက်တဲ့အရက်မှာပျော်အောင်နေရမှာပေါ.
အခုဆိုရင် တစ်ယောက်တည်းနေရတဲ့ဘ၀ကိုကျေနပ်နေပါပြီ ကျော်ကြီးရဲ့ သီချင်းဖျက်ဆိုတဲ့အကျင့် က အခုချိန်ထိ လွှမ်းမိုးထားဆဲပါပဲ
" မလွမ်းရဲသေးဘူးမောင်ရယ် xxxကုလားနဲမထားခဲ့ပါနဲ့xxxx"
ဘယ်အချိန်ကရောက်နေမှန်းမသိသော Nurse ကပြုံးစစဖြင့်
" ဆရာ Patient မွေးတော့မယ် .."
" အော် လာမယ် လာမယ်...."
အော်ငါရောက်နေတာ BEER STATION မဟုတ်ဘူး HOSPITAL က မွေးခန်းမှာပဲ
ကျွန်တော်သူငယ်ချင်းများထဲမှ ကျော်ကြီးအားသတိရလို့ ရေးဖြစ်သွားခြင်းဖြစ်ပါတယ် အမှားပါရင်ခွင့်လွတ်ကြပါလို့ တောင်းပန်ပါတယ် နောက်အားတဲ့အခါ နောက်ထပ်သူငယ်ချင်းတစ်ယောက်အကြောင်း ရေးသွားပါအုံးမယ်
အားလုံးကိုကျေးဇူးတင်ပါတယ်..........................
ဝင်းထိုက်

ဝင်းထိုက်'s Blog

ဝင်းထိုက်

သူငယ်ချင်း

' ချမ်းသာ ပျော်ရွှင်
အောင်မြင် ဆော်ကြည်
ကြွေးကျေ ဘာမှမလုပ်ဘဲနဲ့အောင်မြင်ပါစေ "
ဒါကျွန်တော်တို့ အရက်ဝိုင်းမှာ ဆုတောင်းတဲ့စကားလေ ကျွန်တော် သူချင်းတစ်ယောက်အကြောင်းရေးမယ်စိတ်ကူးတော့ ကျွန်တော်သူငယ်ချင်း လောင်စိန်ကို ချန်ထားလို့မရပါဘူး
1st MB အကြောင်းကစပြောရမှာပဲ တစ်နေ့ရုပ်ရှင်သွားကြည့်တော့ လောင်စိန်နောက်ကျောဘက်က ဖောင်းဖောင်းကြီးဖြစ်နေတော့ ဘာကြီးလဲလို့ ကျွန်တော်စမ်းကြည့်တယ် လားလား ယပ်တောင်ကြီး ခါးထိုးလာတာပဲ ဒီကောင်က အဲဒီလိုကောင် ရုပ်ရှင်ရုံမှာ အိုက်မှာစိုးလို့တဲ့လေ
ဒီကောင်စရိုက်အကြောင်းနည်းနည်းပြောရအုံ… Continue

Posted on August 25, 2008 at 3:00pm —

Comment Wall (44 comments)

You need to be a member of mMz to add comments!

Join this Ning Network

At 10:40pm on January 30, 2009, kokomaung said…
လာလည်ပါတယ်။
At 9:40pm on January 27, 2009, KOGIKMT said…

  1. ကိုကြီးထိုက်မတွေ့တာအတော်ကြာပြီနော်။
  2. နေ့တိုင်းရောinternet ထိုင်ဖြစ်လား။
  3. ဘယ်ေ၇ာက်နေလဲ။
  4. စာပြန်ပါအုံး
At 9:52pm on January 24, 2009, KOGIKMT said…

At 6:39pm on January 24, 2009, ခမ်းကီး said…
ဦးဦးဒေါက်ကြီး
လာလည်ပါ၏။
At 11:01pm on January 17, 2009, KOGIKMT said…

ကိုကြီးထိုက်ပို့လိုက်ပါတယ်။(???)

At 10:59pm on January 17, 2009, KOGIKMT said…

ကိုကြီးထိုက်ရေပြင်းနေလား။လာလည်ပါတယ်။

At 1:54am on January 13, 2009, နော်မိုင်း said…

Click here to get hot comments and graphics...
အလည်လာတယ်ဗျ ။။
At 1:16am on January 13, 2009, Shane Htet said…
thank par ko win htike everyday is verygood but so bad people
At 9:04pm on January 10, 2009, KOGIKMT said…
ုကိုကြီးထိုက်ရေ မင်္ဂလာပါ။multiplyမှာအားမရသေးလို့ဒီအထိလိုက်လာပါတယ်။
ဒီမှာေ၇ာပျော်ဖို့ကောင်းလား။ကျွှန်တော်ဒီရောက်တာ၃ရက်ပဲရှိသေးတာ။
At 3:00pm on January 10, 2009, ခမ်းကီး said…


သူကြီးသားခမ်းကီး လာပြီဟေ့ ....
 
 

Birthdays

Birthdays Today

Birthdays Tomorrow

.





top












 

© 2009   Created by MMZ on Ning.   Create a Ning Network!

.  |  Report an Issue  |  .  |  Terms of Service

Sign in to chat!