love mean
မေတ္တာ၊ ကရုဏာ၊ စေသနာ ၊မုဒိတာ စတာတွေက 528ကိုနွယ်ပြီး၊ သမီးရည်းစား အချစ်ကြတော့ 1500လို့ခေါ်တဲ့ တဏှာဘက်ကို ကူးသွားတော့ လူတွေကို ဝေဒနာတွေနဲ့ ပူလောင်စေ ပြန်တယ်နော်။ တွေးတောရင်း နဲ့တောင် အင်မတန် စိတ်မှာ ပူလောင်ရပါတယ်။
တကယ်တော့ အချစ်ဆိုတာကို ဘယ်သူမှ ရေရေရာရာ တိတိကျကျ မသိကြပါဘူး။ အချစ်ဆိုတာ ဘာလဲသိကြရင် အဖြေတွေကလည်း ဒီလိုအများကြီး ထွက်လာ စရာမရှိဘူးလေ။ အချစ်ဆိုတာဘာလဲ သူတို့ကိုယ်တိုင်တောင် မသိကြပါဘူး။ Dreamလည်းမသိပါဘူး။ လူတိုင်းမှာ ချစ်တတ်တဲ့ စိတ်ကလေး တွေတော့ ရှိကြတာပဲ။ လူတွေမပြောနဲ့ တိရိစ္ဆာန်တွေ တောင်ချစ်တတ်ကြပါတယ်။ ချစ်တတ်တာတော့ သိတယ်။ ဟုတ်ပြီ၊ ဘာကြောင့်ချစ်တာလဲ၊ အကြောင်းတရား တော့ရှိရမှာပေါ့နော်။ ဥပမာ မုန့်ဟင်းခါးကို ချစ်လို့စားတာလား၊ ကြိုက်လို့စားတာလား။ စဉ်းစားစရာဖြစ်လာပြီ... :D ဟဲဟဲ.. ကြိုက်လို့စားတာပေါ့လို့ အားလုံးက တစ်ညီတညွတ်ထဲ ဖြေမှာ ကျိန်းသေပါတယ်။ ဒါဆိုရင် စဉ်းစားကြည့်လိုက်ပေါ့။ ကြိုက်တယ်ဆိုတာ ပိုင်ဆိုင်မှု သဘောသက်ရောက် သွားပြီနော်။ အချစ်ဆိုတဲ့ အဓိပ္ပာယ် ကျတော့ ဆန့်ကျင်ဘက် ဖြစ်သွားပြီး