mMz

ရွှေဟင်္သာ
  • Male
  • penang
  • Malaysia
Share 

ရွှေဟင်္သာ's Friends

Music

Loading…
 

ရွှေဟင်္သာရဲ့အိမ်ကလေးမှကြိုဆိုပါတယ်

Gifts Received

Gift

ရွှေဟင်္သာ has not received any gifts yet

Give ရွှေဟင်္သာ a Gift

Latest Activity

December 2
October 17
October 11
October 9

Profile Information

Profile Avatar မှာ အမြင်ရိုင်းစေမယ့်ပုံတင်ခြင်းမျိုးရှောင်ပေးပါ
yes

Myspace Clocks, Digital Date-Time Clocks at WishAFriend.com...............................................................................................................................................................................................................................................................................Shawn Johnson

Rate this photo on BuddyTV

ချစ်သူနဲ့အတူ
ချစ်သူတွေစပြီးတော့ ဖြစ်ခဲ့ကြကတည်းကနဲ့...
အဆင်မပြေမှုတွေက....
တို့နှစ်ယောက်ရဲ့နောက်မှာ...
ထပ်ချပ်မကွာလိုက်ပါခဲ့တာ...

သတိထားခဲ့မိတယ်ဆိုပါတော့ ချစ်သူရယ်..
အခက်အခဲတွေကို အတူတူကျော်လွှားရင်းနဲ့...
တယောက်သောကကို.. တယောက်မမြင်အောင်...
ငါတို့ဟန်ဆောင်ဖုံးကွယ်ခဲ့ကြတယ်... ချစ်သူစိတ်ဆင်းရဲမှာ စိုးလို့ပေါ့...



မထင်မှတ်တဲ့ ပြသနာတွေ... တခုပြီးတခုလာတိုက်ခိုက်တဲ့အချိန်မှာ... ငါက အားလုံးကို မင်းနဲ့အတူရင်ဆိုင်... ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို ပြတ်ပြတ်သားသားအံတုဖို့ဆုံးဖြတ်လိုက်ချိန်မှာ... နင်ကတော့ နင့်အတွက်နဲ့.. ငါရင်ဆိုင်ရမဲ့ ထိခိုက်နစ်နာမှုတွေအတွက်... တိတ်တိတ်လေး အဝေးကိုထွက်ခွာသွားဖို့... ဆုံးဖြတ်လိုက်တယ်နော်...

...ချစ်သူရယ်.. အားလုံးအဆင်ပြေသွားမှာပါလို့...အသံငြိမ်ငြိမ်လေးနဲ့ နင်ပြောလာပေမဲ့.. ငါရင်ထဲမှာ တခုခုကို သိနေသလိုရှိခဲ့တယ်...

အဲဒီညမှာ... ငါတို့နှစ်ယောက်လုံး အရမ်းဝမ်းနည်းလွန်းပြီး.. စကားဆက်မပြောနိုင်ဘဲ...ဖုန်းချဖြစ်ခဲ့တယ်နော်...

...အဲဒီနောက် ငါခဏလေး အိပ်ပျော်နေချိန်မှာ.. နင်ငါ့ဆီကို ဖုန်းပြန်ဆက်ခဲ့တယ်.... နင်ငါ့ကို အိပ်နေလားလို့မေးပြီးတော့... ငါပေးထားတဲ့ ကျောက်စိမ်းပြားလေးးကို ပြန်မပေးတော့ဘူးနော်ဆိုပြီး.. ငါ့ကိုစသလိုလိုနဲ့နင်ပြောတယ်...

...ပြီးတော့.. ချစ်သူ..နောက်ဆိုရင် ကျန်းမာရေးကို ဂရုစိုက်ရမယ်နော်လို့ နင်ပြောလိုက်ချိန်မှာ... ငါသိနေသလိုရှိခဲ့တဲ့အရာ သေချာသွားသလို... ဒါမှမဟုတ်... တစုံတယောက်က ငါ့ကိုတိုက်တွန်းနေသလိုမျိုး...

..နင်ငါ့ကိုထားပြီး..တနေရာရာသွားဖို့..ပြင်နေတယ်မဟုတ်လားလို့.. ငါမေးမိတယ်နော်...

အဲဒီအချိန်မှာ.. တိတ်သွားတဲ့ နင့်အသံကြောင့် ငါ့အထင်တွေပိုပီပြင်လာတယ်... ငါတို့နှစ်ယောက် ဝေးကြတော့မယ်ဆိုတဲ့ ထိတ်လန့်မှုတွေနဲ့.. မသွားပါနဲ့လို့.. ငါနင့်ကို တောင်းဆိုမိတယ်... ကတိပေးဖို့လည်း ငါနင့်ကိုပြောမိတယ်...

ငါ့အပေါ်မလိမ်ချင်တဲ့နင်ကလည်း... အဲဒီကတိကိုတော့ နင်မပေးနိုင်ဘူးလို့ပြောတော့.. နင်တိတ်တိတ်လေး စီစဉ်ထားတဲ့အရာတွေကို ၀န်ခံခဲ့သလိုဖြစ်ခဲ့တယ်နော်...

အဲဒီအချိန်.. ငါဝမ်းနည်းလွန်းလို့ ငိုသံတွေကို... နင်တားဆီးနိုင်ဖို့အတွက်.. မငိုပါနဲ့ချစ်သူရယ်..ဆိုတာကလွဲပြီး.. ဘာမှမလုပ်နိုင်ခဲ့ဘူးလေ...

ငါအတန်တန်တောင်းပန်နေပေမဲ့.. ငါ့အတွက် အကောင်းဆုံးလို့ထင်ပြီး နင်ဆုံးဖြတ်ထားတာတွေကို.. နင်အရှုံးမပေးချင်လို့... နင်လည်း အလျော့မပေးခဲ့ဘူးမဟုတ်လား..

အဲဒီတော့.. ငါ့ငိုသံတွေရပ်ပြီး.. နင်သွားချင်ရင်သွားပါ... ဒါပေမဲ့.. နင်သွားပြီးနောက်ပိုင်းဆိုရင်.. ငါ့ကျန်းမာရေးလဲ ဂရုမစိုက်ဘူး.. ထမင်းလဲ ပုံမှန်မစားဘူး... ဗိုက်အောင့်တတ်တဲ့ ငါ့ကို ငရုပ်သီးတွေမစားဖို့တားတာကိုလဲ နားမထောင်တော့ဘူး.. .အလုပ်သွားရင် ကားလမ်းအကူးကို အမြဲစိတ်ပူတတ်တဲ့ နင့်ကို... လမ်းလဲ ကူးချင်သလိုကူးမယ်ဆိုပြီး.. ငါပြောတော့...

...အဲလိုမလုပ်ပါနဲ့ချစ်သူရယ်..ချစ်သူအတွက်ကောင်းပါစေဆိုပြီးဆုံးဖြတ်ပါတယ်ဆို... ချစ်သူတခုခုဖြစ်ရင်...ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်ဘူးဆိုပြီးတော့...နင်ဝမ်းနည်းလို့.. ငိုခဲ့တယ်နော်...

အဲဒီအချိန်... ဒါဆိုရင်မသွားနဲ့လို့..ငါပြောတော့... နင်အကြာကြီးစဉ်းစားပြီးမှ...

..အင်း..မသွားတော့ဘူးဆိုပြီးတော့.. ငါ့ကိုပြန်ပြောခဲ့တယ်နော်...

အဲဒီအချိန်ကနေစပြီး.. ငါတို့နှစ်ယောက် အခက်အခဲမှန်သမျှရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်နော်..

...ချစ်သူရယ်..လောကမှာဖြစ်ချင်တာရှိရင် ကြိုးစားရင်ရပါတယ်... ဆုံဆည်းချင်ရင်လဲ... ဆုံးဆည်းအောင်ကြိုးစားမယ်လို့..ဆုံးဖြတ်ထားရင်.. အဆုံးသတ်မှာ.. ငါတို့နှစ်ယောက်အတူလက်တွဲရမှာပါ...
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကြက်သွေးရောင်လို ရွှန်းစိုစို နီထွေးထွေး နံနက်ခင်းတွေရဲ့ အလင်းတွေ ပြိုကျသွားခဲ့...
ရွှန်းလတ်အေးမြတဲ့ မျက်ဝန်းတစ်စုံမှာ
နှင်းမှုန်တွေမှိုင်းနေရဲ့...


ဒီဇင်ဘာရေ...
အချမ်းတွေပဲ ယူလာခဲ့ပါကွာ...
ပက်ဓါးတစ်ချက်လို ခတ်ထုတ်လိုက်တဲ့
ဆောင်းလေရဲ့ နှုတ်ဆက်အနမ်းက
နှုတ်ခမ်းတွေကို ပြာနှမ်းသွားစေတယ်...

ဒီဇင်ဘာရေ...
မင်းရဲ့ အလွမ်းမုန်းတိုင်းက ငါ့ရင်ကို သိမ်းကြုံးဆွဲငင်
ယူဆောင်လွင့်မျောစေတယ်ကွာ...
ဒီအချိန်မှာ
ရွက်ကြွေတွေရဲ့ စကားသံက တရားသံမဝေပါဘူး...
ကလေးရေ...အမြန်လာခဲ့ပါ...
ငါ့ရဲ့...ဆောင်းခိုငှက်ကလေးရေ...
အမြန်လာခဲ့ပါတော့ကွာ...
လင်းသွဲ့သွဲ့ နံနက်ခင်းတွေမှာ
မင်းရဲ့...တေးသံတွေချိုမြလှည့်စမ်းပါ...
နှင်းစိုမယ့် ရင်အစုံကို အလင်းမှုန်တွေ
ကျဲပတ်ပေးလှည့်စမ်းပါ....
နှင်းခဲတွေနှင့် မှိုင်းနေမယ့် ငါ့ စိတ်လှိုင်းတွေကို
အလင်းတွေ ၀င်းလတ်သွန်းဖြာပေးလှည့်စမ်းပါ...
ငါ့ရဲ့ အလင်းငှက်ကလေးရေ...
နွေးထွေးပြီး နုညံ့ တဲ့ မင်းရဲ့လက်အစုံနှင့်
ငါ့ရဲ့ နှလုံးအိမ်ကို အနွေးဓါတ်လေးပေးလှည့်စမ်းပါ..


တကယ်ပဲကွာ...


ဒီဆောင်း...


အဲဒီဆောင်းကိုလေ....


ခပ်ရင့်ရင့်လေး


ငါမုန်းမိတယ်ကွာ...

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ငါဟာ... နင့်ကောင်းကင်..အစွန်အဖျားက
အမှုန်အမွှား..ကြယ်စင်တစ်စင်းပါ..
ငါ...တလဲ့လဲ့..ထွန်းလင်းရွှန်းပချင်သလောက်
နင်တဖွဖွ..အုံ့ဆိုင်းမှိုင်းရီ..ခဲ့..

ငါ့..ခမျာ
ဖြေဆိုခွင့် မရတဲ့..စာပြန်ပွဲမှာမှ..
အမှတ်ရာပြည့် ရချင်နေသူလေ..
ရာသီဥတုကို အလိုက်သိတတ်လွန်းပြန်လို့
ရွယ်ရုံနဲ့..ကွဲချင်နေတဲ့..အိုးတစ်လုံးလိုမျိုး
ငါ့..ရင်ဘတ်ကိုငါ..ရိုသေသိမ်းဆည်းခဲ့..

ငါက..
နင့်စောင်းကြိုးမျှင်ကိုမှ..တလွင်လွင် ချိုမြချင်သူလေ..
မှတ်တိုင်ပျောက်နေတဲ့ ခရီးကို..တက်စီးလာခဲ့မိလိုက်တာ
ရွေးချယ်မှုတွေပဲ...မှားယွင်းခဲ့တာလား...
(မဟုတ်ဘူး)
ရွေးချယ်မှုတွေက..ငါ့ကို..မှားယွင်းသွားခဲ့တာ..
ငါ့ ကို...ချိုးဖဲ့..ဖူးပွင့်ပါ..
ငါ့ ကို...ဆုတ်ဖြဲသစ်လွင်ပါ..
ငါ့ ကို...ခပ်ယူချမ်းမြေ့ပါ..
ငါ့ကိုယ်ငါ..ကျစ်ခဲထားလေသမျှ..
ဘယ်သူ့ကို..ဝေမျှ ကြေကွဲရမလဲ..
ပွဲမစခင်ကတည်းက..ခြေခေါက် ချော်နှင့်ပြီးသား..
ဘယ်လောက် ဆိုးဝါးထားသလဲကွယ်..

ငါ့..ဆေးဘက်ဝင် အလွမ်းခါးခါးကြီးတွေနဲ့
နင့်ဘ၀ကို..မလေးလံစေဖို့
ငါ့စည်းမျဉ်းနဲ့ငါ..ဘောင်ခပ်ကြပ်ကျဉ်း..
ငါ့သက်ပြင်းနဲ့ငါ...ဆင်းရဲတွင်းနက်ခဲ့

တကယ်ပါ...
နင့်..သံသရာအထိ..အနှောက်အယှက်နေမလား...
ငါ့ဆုတောင်းကိုငါ....ရွေးချယ်မှောင်မိုက်ပေါ့...

ငါ့..ရူးသွပ်မှုတွေ..နင်..မောင်းနှင်ခဲ့တာ..
ငါ့..နက်ရှိုင်းမှုတွေ..မိုးလို..ရွာမပြနိုင်ပေမယ့်...

ငါ့..ဘက်က..ပြိုကျသွားလေသမျှ
နင့်..ဘက်..မှာ..သောင်..ထွန်း..ပါ..စေ..သား...
♥*******************************************************

ရွှေဟင်္သာ's Photos

Loading…

ရွှေဟင်္သာ's Blog

ရွှေဟင်္သာ

အဖေ

*အူဝဲ....ဟူသောအသံသည် အဖေ့အတွက် ကာယသဒ်ဓိ ပြည့်စုံပြီး တက်ကြွနိုးကြားမှု ပိုမိုဖြစ်စေသည်.....
*အဖေဟာ မိသားစုတစ်ခုတွင် ခေါင်းဆောင်ကောင်းနှင့် စံနမူနာကောင်းတစ်ဦးပါ....
*အဖေ၏ ရိုက်နှက်ဆုံးမမှုသည် ထောင်တံခါးဝ ကိုမရောက်အောင် သတိပေးလိုက်သည်နှင့်တူသည်...
*အဖေဟာ အပြစ်ရှိတဲ့ သားသမီးအတွက် ချစ်သည်ကို မေ့ထားပြီး အပြစ်နဲ့ တန်အောင် ဆုံးမသည်..
*သားသမီးလိုအပ်ချက်ကို ချက်ချင်းပြည့်စုံစေလိုသူမှာ အဖေပါ..
*အဖေသည် သားသမီးဝတ် ၅-ပါး ပျက်ကွက်ကောင်း ပျက်ကွက်လိမ့်မည်......
*ဖခင်၏ ဝတ္တရားတော့ ဘယ်အခါမှ အပွန်းပဲ့မခံ......… Continue

Posted on February 9, 2009 at 10:28am —

ရွှေဟင်္သာ

အမေ

*အူဝဲ...ဟူသောအသံသည် သေမင်းနှင့်စစ်ခင်းနေသည့် အမေအားအောင်ပြီဟု ကြေငြာလိုက်သည်..
*အမေသည် သားသမီးများလိမ္မာရေးခြားရှိရေးအတွက် အနီးစပ်ဆုံးသွန်သင်ဆုံးမသည်...
*နွဲ့ ဆိုး ဆိုးသူကို အမေက ကျေနပ်သည်...
*ခလုပ်ထိ၍ဖြစ်စေ၊သတိရ၍ဖြစ်စေ သားသမီး အမိ တလျှင် အဝေးနေအမေသည် ဖြတ်ကနဲ၊ဆက်ကနဲ တ နေသူကို သတိရသည်....
*အမေသည် သားစဉ်မြေးဆက် စောင့်ရှောက်နိုင်သည်...
*အမေသည် သူ၏ခင်ပွန်းနှင့် သားသမီးကို စားဦးစားဖျားကျွေး၍ သူသည်အိုးလူးစားရုံနှင့် ကျေနပ်သည်....
*အမေသည် အပြစ်ကင်းတဲ့သားသမီးအတွက် စိတ်ပူပင်တတ်သလို ချိနဲ့ နေသည့် သားသမီးအ… Continue

Posted on February 7, 2009 at 12:11pm —

Comment Wall (146 comments)

You need to be a member of mMz to add comments!

Join this Ning Network

At 4:47pm on December 2, 2009, may myat noo said…
fri lar lal tawer tal naw.
ma tawe ya tar kyar pea .
nay kg lar.
At 11:04am on October 18, 2009, ester said…
ပို့ပေးပါမယ် အကို မေးလ် က ခုမှ စစ်ဖြစ်လို့

reply နောက်ကျတာ ခွင့်လွှတ်ပါအကို
At 5:09pm on October 11, 2009, hatehate said…
အမလေး...မီးမီးကြောက်ကြောက်...သရဲ..သရဲ.. :P
At 7:34pm on October 8, 2009, နန်းသျှာ said…
dropping
At 8:17pm on October 6, 2009, amee ကိုဖြိုး said…
လာလည်တယ်နော် လက်ဆောင်တော့မပါဘူး
At 4:03pm on October 5, 2009, hatehate said…
ဘယ်တုန်းကပြောမိလို့ လဲ...ခုထိဘယ်မှမလိမ့်ရသေးကြောင်းပါရှင်...မြန်မာပြည်ရဲ့ လှောင်ချိုင့်ထဲမှာပါပဲ...လပြည့်နေ့ တုန်းကလုပ်ခဲ့ တဲ့ မီးပုံးလေးလက်ဆောင်ပေးလိုက်တယ်နော်....

At 6:09pm on August 26, 2009, ester said…
:sry for my late reply brother


Friends18.com Orkut MySpace Hi5 Scrap Images
Friends18.com Picture Comments
At 11:56am on July 28, 2009, hatehate said…
မအားတာနဲ့ ဆိုက်ထဲလည်းမရောက်ဖြစ်တော့ ဘာမှလည်းမလုပ်ဖြစ်ဘူး...ဘာတွေလုပ်နေလဲသူငယ်ချင်း..အရာအားလုံးအဆင်ပြေပါစေနော်...

At 9:00pm on July 23, 2009, layeiknein said…
အကို လရိပ် ပြန်လာလည်ပါတယ်နော်။အကိုပြောသလိုပဲ တချိန်ချိန်ကျတော. လဲအားလုံးက ရီစရာတွေ ဖြစ်သွားမှာပါ။အားတွေပေးတာကျေးဇူးတင်ပါတယ်နော်။
အကိုလဲအစစ အရာရာကံကောင်းပါစေနော်။
ညီမလေး လရိပ်ငြိမ်
At 9:16pm on July 18, 2009, layeiknein said…
လရိပ် ပြန်လာလည်ပါတယ်။လရိပ် လဲစိတ်ညစ်နေတာနဲ.အွန်လိုင်းမတတ်ဖြစ်တာပါ အကို။
လရိပ် အကို.ကိုသတိရပါတယ်။အစစအရာရာ ကံကောင်းပါစေနော်။
At 7:58pm on July 9, 2009, ဝေမာ said…
ရွှေဟင်္သာလာလည်လို့ကျေးဇူးတင်တယ်။ ဆိုက်တွေဖွင့်မရလို့တော်တော်နဲ့လာမလည်ဖြစ်တာနားလည်ပေးပါနော်။
At 6:24pm on June 30, 2009, hatehate said…
ကော်ဖီတိုက်တာကျေးဇူးပါ..ပြီးမှသေနတ်နဲ့ ပစ်တာတော့ကောင်းဝူနော်........
At 8:57pm on June 28, 2009, NgalNgal said…
ဟိုင်း..ကိုအောင်မျိုးမြင့်ရေ..ကျွန်တော်လာလည်သွားပါတယ်....
At 12:57pm on June 27, 2009, hatehate said…

At 12:49pm on June 27, 2009, hatehate said…
အလုပ်တွေများနေလို့ ဘယ်ကိုမှမရောက်တာပါ...သူငယ်ချင်းတွေကိုသတိရပါတယ်ရှင်....

At 10:40am on June 25, 2009, may myat noo said…

At 6:24pm on May 26, 2009, ANGEL said…
Friends Myspace Comments
MyNiceSpace.com
At 12:27pm on May 17, 2009, ဝေမာ said…
ကိုရွှေဟင်္သာရေ လာလည်သွားပါတယ်
တာချီလိတ်ကဆိုင်တွေမှာ ning ဆိုက်တွေဖွင့်မရလို့ အခုမှလာခဲ့တာ။ အရမ်းမိုက်တယ်နော် ပုံတွေပြောတာ။ သူငယ်ချင်း တော်လိုက်မယ်နော်။
At 8:14am on May 4, 2009, hatehate said…

အရမ်းလှတယ်နော် :P
At 5:10pm on May 3, 2009, khunsanthein said…

လာလည်ပါတယ်..သီချင်းပုဒ်2ကောင်းတယ်
 
 

Birthdays

Birthdays Today

Birthdays Tomorrow

.





top












 

© 2009   Created by MMZ on Ning.   Create a Ning Network!

.  |  Report an Issue  |  .  |  Terms of Service

Sign in to chat!