ပင်လယ်ပျောက်မြစ်
တမ်းတမှု ဒီလှိုင်းတစ်လုံးက
နှလုံးသားအပေါ် ရိုက်ခတ်ဖုံးတဲ့အခါ
တမြည့်မြည့်အလွမ်းဟာ နာတာရှည်တော့တယ်...။
ဘယ်လောက်ဝေးဝေး
အာရုံထဲမှာ မင်းအရိပ်တွေမြင်နေတုန်း
တစ်သက်မှာ တစ်ချစ်ဆိုတဲ့စကားလုံးဟာ
ဂတိမတည်သူအတွက်တော့ ရယ်စရာပေါ့...။
ကဗျာဆိုတာ.........တခါတရံမှာတော့
အနာတွေနဲ့ရက်လုပ်ထားတဲ့ ပန်းမွေ့ရာ
ကြေကွဲမှုရှည်ကြာလာတာနဲ့အမျှ
တမ်းတတတ်လာတယ်....။
ကိုယ်မပိုင်တဲ့ပန်းပေမဲ့
လေပြည်က ရနံ့တွေဖြန်းတော့
နာကြည်းမှုခွဲတမ်းက အားပျော့လာတယ်...။
သဘာဝပါပဲ
အချစ်ရှိလို့ အမုန်းရှိသတဲ့
ချစ်ရက်သားနဲ့ မုန်းရတာ
မာယာတွေနဲ့ မှုန်းတဲ့အလင်္ကာ...။
မုန်းအောင်ပြုစားလှည့်ပါ
တန်ဖိုးထားမြတ်နိုးမှုတွေနဲ့ ရူးသွပ်ကြေကွဲနေသူတစ်ယောက်
စွန့်လွှတ်အနစ်နာခံ ပေးဆပ်ခြင်းတွေရဲ့နောက်မှာ
ရင်လုံးညွှတ်တမ်းတမှုတွေနဲ့ နွမ်းခြောက်ခဲ့ပြီ..........................။
Comment Wall (38 comments)
You need to be a member of mMz to add comments!
Join this Ning Network
(chitkyilay88@gmail.com)ပေါ့ ၊ ခင်ရင့်ပေါ့ လည်လာခဲပါတယ်

မဝေမာရေ....ပျော်ရဲ့လား...ဝေး
တွေလို့ . . . ဆုံ
ဆုံလို့ . . . ခွဲ
ခွဲလို့ဝေးသွားရရင်
အလွမ်းရင်ဝယ်ပိုက်
သတိရခြင်းတွေ့နဲ့
အိပ်စက်တော့မယ်ဆို
အိပ်မက်မှ ပြန်ဆုံကျမယ်
ချစ်သူရယ် . . .
လာလည်ခဲ့တယ်နော်
ပြေပျောက်သွားအောင် ကဗျာပဲ ချရေးရမလား
ရသစာပေအဖြစ်ပဲ ပြောင်းလဲပစ်ရမလား
စိတ်ကူးတွေ လွင့်မျောနေစဲ
မသေချာမရေရာတဲ့ အနာဂတ်ဟင်းလင်းပြင်ကို
ဘယ်လိုတိုးဝင်ကျော်ဖြတ်ရမလဲ စဉ်းစားတွေးဆရင်က
သေချာတဲ့အရာတစ်ခုက မသေချာမှုပဲ
ငါနဲ့  ဆက်ရှိနေပါလား။ ။.......................
နှလုံးသား... ကပ်
ရင်ခုန်သံချင်း...ထပ်
အိပ်မက်ထဲထိ.... လာလာနိုးတဲ့
သူ(မိန်းကလေး)ဘယ်သူလဲ ဆိုတဲ ကဗျာလေးပါပဲ.
လည်လာခဲ့ပါတယ်... တာချီလိတ်သား ပုံလေးထဲက ကလေးလေးပုံက မဝေမာပုံပေါ့နော်
ကဗျာချစ်သူဆိုတော့ ကဗျာလေးတစ်ပုဒ်ရေးပေးလိုက်ပါတယ် ... မိတ်ဆွေအဖြစ်ပေါ့
မိုးစက်တွေကြားမှာ . . . ဆုံ
ှနှင်းဝေတဲ့အလယ်မှာ . . . ဝေး
သစ်ရွက်ခြောက်တွေကြားမှာ . . . လွမ်း ဆိုတဲ့
ကဗျာလေးအတိုင်း အလွမ်းများကို အဝေးဆုံးသူဖြစ်ပါစေ ခင်မင်မဲ့သူ တာချီလိတ်သားက ဆုတောင်းပေးလိုက်ပါတယ်
လာလည်တဲ့အတွက် စိတ်မဆိုးနဲ့နော်
မိတ်ဆွေရှာသူမို့ပါ
ခင်တတ်သူ။ နေကောင်းကျန်းမာပါစေ
ကျန်းခံသာလို့မာပါစ
နေကောင်းလား
ထပ်ပြီလာလည်သွားတယ်နော်.....
View All Comments