mMz

လက်ဖက်ရည်ဆိုင်ထိုင်ကာ လက်ဖက်ရည်သောက်နေကြတယ်။ နောက် . . . သူတို့က ပိုက်ဆံရှင်းမယ်ဆိုပြီး စားပွဲထိုးကိုခေါ်လိုက်ပြီး မေးတယ် "ညီလေး ဘယ်လောက်ကျလဲ" ။ အဲဒီနောက် စားပွဲထိုးလေးက "၃၀ ကျပ် ကျပါတယ်" လို့ပြောတယ်။ ထို့ကြောင့် လူ ၃ ယောက်က တစ်ယောက်ကို ၁၀ ကျပ် စီနဲ့ ၃၀ ကျပ် ထုတ်ပေးလိုက်တယ်။ အဲဒီပိုက်ဆံကို စားပွဲထိုးလေးက ကောင်တာမှာထိုင်နေတဲ့ ဆိုင်ပိုင်ရှင်ကို သွားပေးတယ်။ ဆိုင်ပိုင်ရှင်က "၃၀ ကျပ် မကျဘူး။ ၂၅ ကျပ် ပဲ ကျတာ" ဆိုပြီး ၁ ကျပ် တန် ၅ရွက် စားပွဲထိုးလေးကိုပေးပြီး ပြန်အမ်းခိုင်းလိုက်တယ်။ စားပွဲထိုးလေးက အဲဒီ ၁ ကျပ်တန် ၅ ရွက် ထဲက ၁ ကျပ်တန် ၂ ရွက် ကို ဘတ်လိုက်ပြီး ကျန်တဲ့ ၃ ရွက်ကို ထို လူ ၃ ယောက်ဆီပြန်အမ်းလိုက်တယ်။
အဲဒီထိ နားလည်ပါတယ်နော် ဟဲ ဟဲ
နောက်တော့ ပြန်တွက်ကြည့်တဲ့အခါမှာ . . .
အစက ထိုလူသုံးယောက်က ၃၀ ကျပ် ဆိုတော့ တစ်ယောက်ကို ၁၀ ကျပ် စီကြတယ်။ ၁ ကျပ် စီပြန်ရတော့ တစ်ယောက်ကို ၉ ကျပ် စီပဲကြတယ်။ လူသုံးယောက်ဆိုတော့ ၃ x ၉ = ၂၇ ကျပ် ။ စားပွဲထိုးလေးဘတ်တာက 2 ကျပ် ။ ပေါင်းလိုက်တော့ ၂၉ ကျပ်။ အစက ၃၀ ကျပ်။
မေးခွန်းက ။ ။ တစ်ကျပ်ဘယ်နားမှာပျောက်သွားတာလဲ
tell me da answer by mail.....
i'll send some presents to 1st 3 people who get da right answer......:D

Share

Reply to This

Replies to This Discussion

၃ယောက်ကို၂၅ကျပ်=တယောက်၈.၃၃ကျပ်
၁ယောက်၁ကျပ်ပြန်ရ= ၁ ကျပ်
၁ယောက်လျှင် ၉.၃၃ကျပ် == ၃ယောက်=၂၈ကျပ်
စားပွဲထိုး=၂ကျပ်ယူ = ၂ကျပ်
စုစုပေါင်း =၃၀ကျပ်
အဖြေ===၁ကျပ် ဘုံလ္ဘက်ရည်ဖိုး ဆိုင်ရှင်ယူကြောင်းသိစေသော်

Reply to This

ဆိုင်ရှင်>25 စားပွဲထိုး>2 လူသုံးယောက်>3 ....

I Don't know..:D

Reply to This

အရန်:ကောင်းတဲ မေးခွန်းလေ:ဘဲ
အဖြေက ကိုမင်းနိုင်နဲ စိမ်:တူးယူ :P

Reply to This

ECO သမားတွေတော့ ဖြေနိုင်မှာပါ
ငွေကြေးကွာဟမှုနဲ့ဆိုင်မယ်လို့ထင်တယ်
ECO သမားတွေ ဖြေကြပေါ့
အဖြေရရင်လာကြည့်မယ်
:P

Reply to This

အဖြေ ရပါပြီ
အဟမ်း....
တစ်ယောက်ကို ၉ ကျပ် ၃ ယောက်ဆိုတော့ ၃ x ၉
၃ x ၉ ဆိုတော့ ၂၇ ကျပ်...... စားပွဲထိုးက ယူလိုက်တာက ၂ ကျပ်ဆိုတော့ ၂၅ ကျပ်ကျန်တယ်
အဲဒီ ၂၅ ကျပ် က ဆိုင်ရှင်ရတယ်
နောက်ဆုံးမှာ တစ်ယောက်ကို ၁ ကျပ်ပြန်ရတယ်လေ ၃ ယောက်ဆိုတော့ ၃ ကျပ်
အဲဒီ ၃ ကျပ်ရယ် စားပွဲထိုး ယူလိုက်တဲ့ ၂ ကျပ်ရယ် ဆိုင်ရှင်ရတဲ့ ၂၅ ကျပ်ရယ် ပေါင်းတော့ ၃၀ ပေါ့
ဟဲဟဲ
မှန်တယ်နော်

Reply to This

RSS

About

MMZ MMZ created this Ning Network.

Birthdays

Birthdays Today

Birthdays Tomorrow

.





top












© 2009   Created by MMZ on Ning.   Create a Ning Network!

.  |  Report an Issue  |  .  |  Terms of Service

Sign in to chat!